တရုတ်ရဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန (MIIT) က နိုင်ငံရဲ့ 5G ဆက်သွယ်ရေး ကဏ္ဍမှာ အလွန် တိုးတက်လာတဲ့အကြောင်း ပြောပြလိုက်ပါတယ်။ တရုတ်မှာ 5G စမတ်ဖုန်း သုံးစွဲသူ ၆၇၆ သန်း ရှိပြီး 5G Base Station ၃ သန်းနီးပါး ရှိပါတယ်။ တရုတ်ဟာ 5G နည်းပညာ နယ်ပယ်မှာ ထိပ်တန်းကပြေးနေပါတယ်။

5G နယ်ပယ်မှာ အရင်နှစ်ကထက် ဝင်ငွေ ၆.၂ ရာခိုင်နှုန်းနဲ့ စီးပွားရေးလုပ်ငန်း ၁၇.၁ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Mobile Internet of Things (IoT) Device ပေါင်း ၂.၁၂ ဘီလီယမ်ကို အသုံးပြုနေကြပါတယ်။ အဲဒီအတွက် နယ်ပယ်များစွာမှာ Mobile နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာကို ပြသနေပါတယ်။

တရုတ်ရဲ့ ထိပ်တန်း ဆက်သွယ်ရေး ကုမ္ပဏီတွေဟာ 5G , Cloud Computing, Big Data နဲ့ AI တို့ အပါအဝင် နောက်မျိုးဆက် နည်းပညာတွေရဲ့ အရေးကြီးပုံကို အသားပေးပြောကြားနေပါတယ်။ ကုမ္ပဏီတွေက ဉာဏ်ရည်မြင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး တိုးတက်လာအောင်ကြိုးစားနေပါတယ်။

China 5G subscriber count approaches 900M - Mobile World Live

China Unicom ရဲ့ အတွင်းရေးမှူး Liu Lihong က လာမယ့် ၂ နှစ်အတွင်း AI ဟာ အလုပ်အကိုင် ၅၀ ရာခိုင်နှုန်းမှာ အလုပ်လုပ်ပေးနိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

Globaltimes က တရုတ်ဟာ 6G နည်းပညာ သုတေသနပြုလုပ်တာကို အာရုံစိုက်နေသလို 5G အရည်အသွေး တိုးတက်အောင်၊ လိုင်းမိတဲ့ ဧရိယာ များပြားလာအောင်၊ ကုန်ကျစားရိတ် သက်သာအောင် ပြုလုပ်နေပါတယ်လို့ ပြောပါတယ်။

Ref : gizmochina