5G ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာကို ကမ္ဘာအဝန်းမှာ အသုံးပြုနိုင်ဖို့ ကြိုးစားနေကြပေမယ့် နောက်မျိုးဆက် 6G နည်းပညာကို စတင် ဖန်တီးနေကြပါပြီ။ 5G ဟာ အရင်မျိုးဆက် ကြိုးမဲ့ ဆက်သွယ်ရေး နည်းပညာတွေထက် တိုးတက်မှုများစွာ ရှိပေမယ့် 6G ဟာ အမြန်နှုန်း၊ Latency ၊ Spectrum ၊ AI ၊ လုံခြုံရေးနဲ့ စွမ်းအင် စားသုံးမှု သက်သာတဲ့ အပိုင်းတွေမှာ ပိုမို ကောင်းမွန်လာမှာပါ။

6G

5G ကို လက်ရှိ တစ်ကမ္ဘာလုံးမှာ မသုံးနိုင်သေးပေမယ့် 6G ကို စတင် သုတေသန ပြုလုပ်နေကြပါပြီ။ အခုတော့ တရုတ်က 300Gbps ကြိုးမဲ့ အင်တာနက် အမြန်နှုန်းကို အောင်မြင်စွာ စမ်းသပ်နိုင်ပါပြီ။

6G Is Coming: What Will Be The Business Impact?

6G ပြိုင်ပွဲဟာ အရှိန်အဟုန် ပြင်းထန်လာပြီ ဖြစ်ပြီး အမေရိကန်က နောက်ကောက်ကျမှာကို စိုးရိမ်နေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာ အိမ်ဖြူတော်ဟာ နည်းပညာ နယ်ပယ်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ 6G နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်က တခြား နိုင်ငံတွေဟာ 6G နယ်ပယ်မှာ ဦးဆောင်မှာကို စိုးရိမ်နေပါတယ်။

25th Institute of the Second Academy of China Aerospace Science and Industry ဟာ ပထမဆုံး အနေနဲ့ Terahertz (THz) ကြိုးမဲ့ အင်တာနက် အမြန်နှုန်းကို အောင်မြင်စွာ စမ်းသပ်နိုင်လိုက်ပြီး 100Gbps ကို ရရှိသွားပါတယ်။ အမေရိကန်မှာ 1Gbps ရတဲ့ 5G အမြန်နှုန်းဟာ တော်တော်ကောင်းနေပြီလို့ သတ်မှတ်ထားကြပါတယ်။

6G ကို ၂၀၃၀ ခုနှစ် မတိုင်ခင်အထိ အသုံးမပြုနိုင်သေးဘူးလို့ ခန့်မှန်းထားကြပြီး အမေရိကန်နဲ့ တရုတ်ရဲ့ 6G ပြိုင်ပွဲဟာ ပိုမို ပြင်းထန်လာပါပြီ။

Ref : gizmochina