[Unicode]

ဒီနေ့ခေတ်မှာ စမတ်ဖုန်းတွေရဲ့အရေးပါမှုနောက်မှာ Wearable တွေကလည်း ဆက်တိုက်ဆိုသလို ကပ်ပြီးလိုက်ပါလာခဲ့ပါပြီ။ တီထွင်ဆန်းသစ်မှုတွေကြောင့်လည်း Wearable တွေက သုံးစွဲသူတွေကို ပိုပြီးတော့ ဆွဲဆောင်လာနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ဒါကြောင့် Wearable ဈေးကွက်ဟာ ဆက်တိုက်ဆိုသလို ကျယ်ပြန့်လာနေတာကို တွေ့မြင်ရမှာပါ။

ဈေးကွက်သုတေသန ကုမ္ပဏီ IDC ရဲ့ အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်ရဲ့ တတိယသုံးလပတ်အတွင်း တရုတ်ဈေးကွက်မှာ Wearable အခုရေ ၂၇.၁၅ သန်း တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ် ကာလတူ တင်ပို့ရောင်းချရတဲ့ ၂၀.၉၇ သန်း ပမာဏနဲ့နှိုင်းယှဉ်ရင် ၄၅.၇ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။

IDC ကတော့ Wearable တင်ပို့ရောင်းချရမှုဟာ ဆက်လက်တိုးတက်နေမှာဖြစ်ပြီး လာမယ့် ၂၀၂၃ ခုနှစ်မှာ ယူနစ်ပေါင်း သန်း၂၀၀ အထိ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ အစီရင်ခံစာမှာ ပြသထားတာက Third-party application တွေ မထောက်ပံ့တဲ့ အခြေခံ Wearable device တွေပဲ ဖြစ်ပါတယ်။

အစီရင်ခံစာအရ Wearable ဈေးကွက်ကို ဦးဆောင်နေတာက Xiaomi ဖြစ်ပါတယ်။ Xiaomi ရဲ့ Mi Band 4 Fitness tracker ဟာ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အရည်အသွေးနဲ့ ဈေးနှုန်းတို့ကြောင့် လူကြိုက်များရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း Xiaomi က စုစုပေါင်းဈေးကွက် ဝေစုရဲ့ ၂၅ ရာခိုင်နှုန်းကို ရယူထားပြီး ဦးဆောင်နိုင်တာဖြစ်ပါတယ်။ Huawei ကတော့ ၂၀.၇ ရာခိုင်နှုန်း၊ Apple ကတော့ ၁၃ ရာခိုင်နှုန်း အသီးသီးရယူထားကြပါတယ်။

Ref: Gizmochina

[Zawgyi]

တတိယသုံးလပတ္အတြင္း မႏွစ္ကထက္ ၄၅.၂% တိုးတက္လာတဲ့ တ႐ုတ္ Wearable ေဈးကြက္

ဒီေန႔ေခတ္မွာ စမတ္ဖုန္းေတြရဲ႕အေရးပါမႈေနာက္မွာ Wearable ေတြကလည္း ဆက္တိုက္ဆိုသလို ကပ္ၿပီးလိုက္ပါလာခဲ့ပါၿပီ။ တီထြင္ဆန္းသစ္မႈေတြေၾကာင့္လည္း Wearable ေတြက သုံးစြဲသူေတြကို ပိုၿပီးေတာ့ ဆြဲေဆာင္လာႏိုင္ခဲ့တယ္လို႔ ဆိုရပါမယ္။ ဒါေၾကာင့္ Wearable ေဈးကြက္ဟာ ဆက္တိုက္ဆိုသလို က်ယ္ျပန႔္လာေနတာကို ေတြ႕ျမင္ရမွာပါ။

ေဈးကြက္သုေတသန ကုမၸဏီ IDC ရဲ႕ အစီရင္ခံစာအရ ၂၀၁၉ ခုႏွစ္ရဲ႕ တတိယသုံးလပတ္အတြင္း တ႐ုတ္ေဈးကြက္မွာ Wearable အခုေရ ၂၇.၁၅ သန္း တင္ပို႔ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒီပမာဏဟာ ၿပီးခဲ့တဲ့ႏွစ္ ကာလတူ တင္ပို႔ေရာင္းခ်ရတဲ့ ၂၀.၉၇ သန္း ပမာဏနဲ႔ႏႈိင္းယွဥ္ရင္ ၄၅.၇ ရာခိုင္ႏႈန္း တိုးတက္လာတယ္လို႔ ဆိုႏိုင္ပါတယ္။

IDC ကေတာ့ Wearable တင္ပို႔ေရာင္းခ်ရမႈဟာ ဆက္လက္တိုးတက္ေနမွာျဖစ္ၿပီး လာမယ့္ ၂၀၂၃ ခုႏွစ္မွာ ယူနစ္ေပါင္း သန္း၂၀၀ အထိ ျဖစ္လာလိမ့္မယ္လို႔ ခန႔္မွန္းတြက္ခ်က္ထားပါတယ္။ အစီရင္ခံစာမွာ ျပသထားတာက Third-party application ေတြ မေထာက္ပံ့တဲ့ အေျခခံ Wearable device ေတြပဲ ျဖစ္ပါတယ္။

အစီရင္ခံစာအရ Wearable ေဈးကြက္ကို ဦးေဆာင္ေနတာက Xiaomi ျဖစ္ပါတယ္။ Xiaomi ရဲ႕ Mi Band 4 Fitness tracker ဟာ ေဈးကြက္ထဲမွာ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိတဲ့ အရည္အေသြးနဲ႔ ေဈးႏႈန္းတို႔ေၾကာင့္ လူႀကိဳက္မ်ားရျခင္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Xiaomi က စုစုေပါင္းေဈးကြက္ ေဝစုရဲ႕ ၂၅ ရာခိုင္ႏႈန္းကို ရယူထားၿပီး ဦးေဆာင္ႏိုင္တာျဖစ္ပါတယ္။ Huawei ကေတာ့ ၂၀.၇ ရာခိုင္ႏႈန္း၊ Apple ကေတာ့ ၁၃ ရာခိုင္ႏႈန္း အသီးသီးရယူထားၾကပါတယ္။

Ref: Gizmochina