Google ဟာ အခုအချိန်မှာ Chrome OS အတွက် Variable Refresh Rate ကို စတင် Support ပြုလုပ်ဖို့ စမ်းသပ်နေပြီဖြစ်ပါတယ်။​ အခုစမ်းသပ်မှုဟာ Chrome OS 101 Dev Channel မှာ ဖြစ်ပြီး နောက်ပိုင်းမှာ Beta နဲ့ Stable Channel တွေမှာပါ အသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။

အဆိုပါသတင်းကိုတော့ About Chromebooks မှ Kevin Tofel ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Chrome OS မှာရှိတဲ့ “://flags#enable-variable-refresh-rate” ကနေ Enable ပြုလုပ်ရမှာဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ Chromebook Display တိုင်းမှာ အသုံးပြုနိုင်မှာမဟုတ်ဘဲ တချို့သော Capable Display တွေပဲ​အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

အခုလိုမျိုး Variable Refresh Rate ကို Support ပြုလုပ်လာတာကြောင့် Display ရဲ့ Refresh Rate ကို Screen ကနေ ဖော်ပြနေတဲ့ Frame Per Second နဲ့ Sync ပြုလုပ်နိုင်မှာဖြစ်ပါတယ်။​ ဒါက Screen Tearing ဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

Google ကနေ အခုလိုမျိုး Variable Refresh Rate ကို Support စတင်ပြုလုပ်လာတာက မကြာသေးခင်တုန်းကမှ ကြေညာခဲ့တဲ့ Chrome OS မှာ Steam ကို စတင်အသုံးပြုနိုင်တော့မယ့်အချိန်နဲ့ သွားပြီး တူညီနေပါတယ်။​ ဒါကြောင့် နောက်ပိုင်းမှာ Gaming Chromebook တွေကိုလည်းတွေ့မြင်ရဖွယ်ရှိနေပါတယ်။

နောက်ထပ် Variable Refresh Rate ပါဝင်တာရဲ့ အားသာချက်တစ်ခုကတော့ လိုအပ်သလောက်ပဲ Screen ကို Refresh Rate ပြုလုပ်မှာဖြစ်တာကြောင့် Battery Life ကလည်း ပိုပြီး ကြာရှည်ခံလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် High Refresh Rate Chromebook တွေကို မြင်တွေ့ရဖို့ ကျိန်းသေနေပါပြီ။​

Ref – The Verge