Cryptocurrency လောကထဲကိုဝင်မယ်ဆိုရင် Wallet တွေအကြောင်းလည်း သိထားဖို့ လိုအပ်ပါလိမ့်မယ်။ Crypto wallet တွေကလည်း အမျိုးမျိုးရှိနေကြတာကြောင့် အခုမှစတင်သုံးစွဲမဲ့သူအတွက်ဆိုရင်တော့ အ‌‌ေတာ်လေးကို ရွေးချယ်ရခက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Cnet က ရွေးချယ်ပေးထားတဲ့ထဲက တစ်ခုကို ဖော်ပြပေးလိုက်ရပါတယ်။

Coinbase ဟာ အခုမှစတင်အသုံးပြုသူတွေအတွက် ၂၀၂၁ ခုနှစ်အတွင်း အကောင်းဆုံး Crypto wallet လို့ Cnet က ညွှန်းဆိုထားပါတယ်။ Coinbase ကို ပြီးခဲ့တဲ့ ဧပြီလတုန်းကမှ လူထုကြားထဲပို့ဆောင်ပေးခဲ့တာပါ။ US မှာတော့ လူသိများတဲ့ Exchange ပါပဲ။ ကုမ္ပဏီဟာ Apple Pay, Google တို့နဲ့ ပေါင်းစပ်ထားတဲ့ ကိုယ်ပိုင် Visa-backed debit card ရှိပြီး Bitcoin to Dogecoin ကို လွယ်လွယ်ကူကူ ရောင်းဝယ်ဖောက်ကားနိုင်တယ်လို့ သိရပါတယ်။

Coinbase ကို Android ဒါမှမဟုတ် iOS အတွက် App အနေနဲ့ လွယ်ကူစွာ Download ပြုလုပ်နိုင်ပြီး Crypto ကို စတင်ထိတွေ့မဲ့သူတွေအတွက် ကောင်းမွန်တဲ့ပံ့ပိုးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ Interface ဟာ အလိုအလျောက်သိနိုင်စွမ်းရှိသလို၊ Wallet ကလည်း ကုမ္ပဏီရဲ့ Exchange နဲ့ အပြည့်အဝ ပေါင်းစပ်ထားတာကြောင့် Coin တွေ၊ တိုကင်တွေကို သမားရိုးကျငွေကြေးနဲ့ ဝယ်ယူတာ၊ လဲလှယ်တာတွေကို အလွယ်တကူပြုလုပ်နိုင်ပါတယ်။

ကုမ္ပဏီရဲ့ Exchange နဲ့မတူညီတဲ့အချက်တစ်ခုက Coinbase ကို ထိန်းချုပ်ထားတာမျိုး မရှိတာပါပဲ။ ဆိုလိုတာက အသုံးပြုသူအနေနဲ့ Wallet ရဲ့ Private key နဲ့ပဲ Access လုပ်ရတာပါ။ ဒါဟာ Sign up လုပ်တုန်းက ထုတ်ပေးလိုက်တဲ့ 12-word recovery phrase ပါပဲ။

Ref: Cnet