ဩစတြီးယား အခြေစိုက် CycloTech ကုမ္ပဏီက CycloRotor နည်းပညာကို အသုံးပြုထားတဲ့ ဒီဇိုင်းဆန်းသစ်တဲ့ CruiseUp ကားပျံကို ပြသလိုက်ပါတယ်။ အရွယ်အစား ကျစ်လစ်ပြီး မြို့တွင်း ခရီးသွားဖို့ ဒီဇိုင်းထုတ်ထားတာပါ။

The air vehicle that visualizes the benefits of CycloRotor technology and its capability of 360° thrust vectoring.

အဲဒီ နည်းပညာကို ၁၅ နှစ်ကြာ တီထွင်ထားတာ ဖြစ်ပြီး CruiseUp Concept ကို လာမယ့် ဆယ်စုနှစ်အတွင်း သယ်ယူပို့ဆောင်ရေးမှာ အသုံးချနိုင်တော့မှာ ဖြစ်ပါတယ်။ စီးနင်းရတာ သက်တောင့်သက်သာ ရှိပြီး ဘေးကင်းလုံခြုံအောင် ဖန်တီးထားတာပါ။ လောင်စာဆီ မသုံးတဲ့အတွက် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိပါဘူး။ ဒါဟာ သဘာဝပတ်ဝန်းကျင် မပျက်ဆီးစေတဲ့အတွက် အကျိုးရှိပါတယ်။

CruiseUp မှာ လျှပ်စစ်တွန်းကန်အား စနစ် အနေနဲ့ CycloRotors ကို အသုံးပြုထားတာပါ။ ဒီစနစ်ဟာ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေကိုပဲ အားသက်ရောက်တဲ့အတွက် တစ်မူထူးခြားပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ စီးနင်းသူတွေအတွက်လည်း ဘေးကင်းစေပါတယ်။

ကားပျံဟာ ၁ နာရီကို ၁၅၀ ကီလိုမီတာ ( ၁ နာရီကို ၉၃ မိုင်) အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပြီး ၁၀၀ ကီလိုမီတာ (၆၂ မိုင်) မောင်းနှင်နိုင်ပါတယ်။ တက္ကစီ လေယာဉ်တွေနဲ့ ကားပျံတွေဟာ နောက်နှစ်မှာ အများအပြားထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

CruiseUp ရဲ့ အရွယ်အစားဟာ ၆.၇ မီတာ x ၃.၃ မီတာ ရှိတဲ့အတွက် သာမာန် ကားတွေထက် ၅၀ ရာခိုင်နှုန်းပဲ ပိုကြီးပြီး တခြား ကားပျံတွေထက် သေးငယ်ပါတယ်လို့ စီမံကိန်း မန်နေဂျာ Andrea Marchsteiner က ပြောပါတယ်။ ၂၁ ရာစုမှာ ကာဘွန်ဒိုင် အောက်ဆိုက် ထုတ်လွှင့်မှု မရှိတဲ့ ကားပျံတွေကို အသုံးပြုနိုင်တော့မှာပါ။

Ref : inceptivemind