[Zawgyi]

Xiaomi ရဲ႕ ပထမမ်ိဳးဆက္ POCO F1 ဟာ ေစ်းႏႈန္း ခ်ိဳတဲ့အတြက္ အိႏၵိယမွာ လူႀကိဳက္မ်ားပါတယ္။ အဲဒီ ဖုန္းကို တျခား ႏုိင္ငံေတြမွာ Pocophone F1 နာမည္နဲ႔ ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ အိႏၵိယမွာ POCO F1 ရဲ႕ မ်ိဳးဆက္သစ္ကို မၾကာခင္ ေၾကညာေတာ့မယ့္ အေထာက္အထားေတြကို ကုမၸဏီက မွ်ေ၀လိုက္ၿပီး POCO Fans ေတြ အတြက္ ၀မ္းသာစရာ သတင္းေကာင္းပါ။

Xiaomi India ရဲ႕ အႀကီးအကဲ Manu Kumar Jain က တြစ္တာမွာ ပို႔စ္ ၁ ခု တင္လိုက္ပါတယ္။ အဲဒီ ပို႔စ္ရဲ႕ ဓါတ္ပံုမွာ သူဟာ Redmi ရဲ႕ အႀကီးအကဲ ျဖစ္သူ Sneha Tainwala နဲ႔ ေဆြးေႏြးေနတာကို ျပသထားပါတယ္။ သူတို႔ရဲ႕ အေနာက္မွ Whiteboard မွာ ထုတ္ကုန္ေတြ မိတ္ဆက္မယ့္ အခ်ိန္ဇယားကို ျပသထားပါတယ္။ ဓါတ္ပံုကို အနီးကပ္ ဆြဲၾကည့္ရင္ Mi Pad ကို ေမ သို႔မဟုတ္ ဇြန္နဲ႔ POCO F2 ကို  ကြာတား ၄ ျဖစ္တဲ့ ေအာက္တိုဘာလနဲ႔ ဒီဇင္ဘာလအၾကားမွာ ေၾကညာမယ္လို႔ ေရးသားထားပါတယ္။

ဒါေပမယ့္ အရမ္းေတာ့ မေပ်ာ္ပါနဲ႔ဦး။ Mi Pad (4/4 Plus) ကို အိႏၵိယမွာ ဒီႏွစ္ထဲ မေၾကညာခဲ့ပါဘူး။ အဲဒီအတြက္ Whiteboard က သတင္းအခ်က္အလက္ေတြဟာ ဒိတ္ေအာက္ေနတာ ျဖစ္ႏုိင္ပါတယ္။ ဒါမွမဟုတ္ ေနာက္ႏွစ္မွာ ေၾကညာမယ့္ လေတြကို ေဖာ္ျပထားတာလည္း ျဖစ္ႏုိင္ပါတယ္။ ေနာက္ႏွစ္မွ ဆိုရင္ေတာ့ သိပ္မမိုက္ေတာ့ပါဘူး။ POCO Fans ေတြဟာ F2 အတြက္ ေနာက္ထပ္ ၁ ႏွစ္ ေစာင့္ဆိုင္းရဦးမွာပါ။ ဒါေပမယ့္လည္း အိႏၵိယမွာ Redmi K20 Pro ကို ၀ယ္ယူႏုိင္တဲ့အတြက္ ႏွစ္သိမ့္စရာ ရွိေနပါေသးတယ္။

ပို႔စ္က ဓါတ္ပံုမွ စားပြဲခံုေပၚမွာ ဖုန္း ၃ လံုးကို တင္ထားပါတယ္။ ၁ လံုးက အစိမ္းေရာင္ ျဖစ္ၿပီး Redmi Phone ေတြထဲမွာ အစိမ္းေရာင္ ထုတ္ေပးထားတာက Redmi Note 8 Pro ၁ မ်ိဳးသာ ရွိပါတယ္။ ေနာက္ ၂ လံုးက Redmi K20/K20 Pro နဲ႔ MI MIX 3 Forbidden Palace Edition ေတြ ျဖစ္ပါတယ္။

Ref : gizmochina

[Unicode]

Xiaomi က POCO F2 ကို လာမယ့်လတွေမှာ ကြေညာတော့မလား?

Xiaomi ရဲ့ ပထမမျိုးဆက် POCO F1 ဟာ ဈေးနှုန်း ချိုတဲ့အတွက် အိန္ဒိယမှာ လူကြိုက်များပါတယ်။ အဲဒီ ဖုန်းကို တခြား နိုင်ငံတွေမှာ Pocophone F1 နာမည်နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အိန္ဒိယမှာ POCO F1 ရဲ့ မျိုးဆက်သစ်ကို မကြာခင် ကြေညာတော့မယ့် အထောက်အထားတွေကို ကုမ္ပဏီက မျှဝေလိုက်ပြီး POCO Fans တွေ အတွက် ဝမ်းသာစရာ သတင်းကောင်းပါ။

Xiaomi India ရဲ့ အကြီးအကဲ Manu Kumar Jain က တွစ်တာမှာ ပို့စ် ၁ ခု တင်လိုက်ပါတယ်။ အဲဒီ ပို့စ်ရဲ့ ဓါတ်ပုံမှာ သူဟာ Redmi ရဲ့ အကြီးအကဲ ဖြစ်သူ Sneha Tainwala နဲ့ ဆွေးနွေးနေတာကို ပြသထားပါတယ်။ သူတို့ရဲ့ အနောက်မှ Whiteboard မှာ ထုတ်ကုန်တွေ မိတ်ဆက်မယ့် အချိန်ဇယားကို ပြသထားပါတယ်။ ဓါတ်ပုံကို အနီးကပ် ဆွဲကြည့်ရင် Mi Pad ကို မေ သို့မဟုတ် ဇွန်နဲ့ POCO F2 ကို ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအကြားမှာ ကြေညာမယ်လို့ ရေးသားထားပါတယ်။

ဒါပေမယ့် အရမ်းတော့ မပျော်ပါနဲ့ဦး။ Mi Pad (4/4 Plus) ကို အိန္ဒိယမှာ ဒီနှစ်ထဲ မကြေညာခဲ့ပါဘူး။ အဲဒီအတွက် Whiteboard က သတင်းအချက်အလက်တွေဟာ ဒိတ်အောက်နေတာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် နောက်နှစ်မှာ ကြေညာမယ့် လတွေကို ဖော်ပြထားတာလည်း ဖြစ်နိုင်ပါတယ်။ နောက်နှစ်မှ ဆိုရင်တော့ သိပ်မမိုက်တော့ပါဘူး။ POCO Fans တွေဟာ F2 အတွက် နောက်ထပ် ၁ နှစ် စောင့်ဆိုင်းရဦးမှာပါ။ ဒါပေမယ့်လည်း အိန္ဒိယမှာ Redmi K20 Pro ကို ဝယ်ယူနိုင်တဲ့အတွက် နှစ်သိမ့်စရာ ရှိနေပါသေးတယ်။

ပို့စ်က ဓါတ်ပုံမှ စားပွဲခုံပေါ်မှာ ဖုန်း ၃ လုံးကို တင်ထားပါတယ်။ ၁ လုံးက အစိမ်းရောင် ဖြစ်ပြီး Redmi Phone တွေထဲမှာ အစိမ်းရောင် ထုတ်ပေးထားတာက Redmi Note 8 Pro ၁ မျိုးသာ ရှိပါတယ်။ နောက် ၂ လုံးက Redmi K20/K20 Pro နဲ့ MI MIX 3 Forbidden Palace Edition တွေ ဖြစ်ပါတယ်။

Ref : gizmochina