Disney ဟာ လက်ရှိအချိန်မှာ အကြီးမားဆုံးသော Media ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Disney ကနေ လက်ရှိတကမ္ဘာလုံးမှာ ရေပန်းစားလာတဲ့ NFT နဲ့ ပတ်သက်ပြီး စတင်စိတ်ဝင်စားနေပြီလို့ ယူဆရပါတယ်။

ဘာကြောင့်လဲဆိုရင်တော့ Disney ကုမ္ပဏီကနေ NFT နဲ့ ပတ်သက်ပြီး တတ်ကျွမ်းတဲ့ Business Development Manager ကို ဌားရမ်းဖို့ရှာဖွေနေပြီလို့ သိရပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ Disney ကနေ ထုတ်လုပ်တဲ့ ရုပ်ရှင်တွေ၊ Animation တွေမှာ NFT တွေကို ထည့်သွင်းသွားဖွယ်ရှိနေပါတယ်။

Disney ဟာ လက်ရှိအချိန်မှာ လူကြိုက်များတဲ့ ရုပ်ရှင်နဲ့ Entertainment ပိုင်းဆိုင်ရာ Media Brand တွေတော်တော်များများကို ပိုင်ဆိုင်ထားတဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါ Brand တွေထဲမှာ Marvel ၊ Lifetime ၊ National Geographic ၊ 21st Century Fox နဲ့ Star Wars လိုမျိုးလည်းပါဝင်နေပါတယ်။

ဒါကြောင့် Disney ကသာ NFT စျေးကွက်ထဲကို ဝင်ရောက်လာမယ်ဆိုရင် လက်ရှိ NFT ကို စတင်တွဲဖက်ပြီး ရောင်းချနေတဲ့ ရုပ်ရှင်တွေ၊ ဂိမ်းကုမ္ပဏီတွေထက်တောင် ပိုပြီး အောင်မြင်လာမှာဖြစ်ပါတယ်။

Ref – The Block Crypto