Zawgyi

ၾသဂုတ္လတုန္းက တရုတ္ႏုိင္ငံမွာ ေၾကညာမိတ္ဆက္ခဲ့ၿပီးေနာက္ တရုတ္ျပည္တြင္းမွာ စတင္ေရာင္းခ်ခဲ့တဲ့ Nubia Z20 စမတ္ဖုန္းဟာ ယေန႔ကစၿပီး ႏုိင္ငံတကာေစ်းကြက္သုိ႔ ဝင္ေရာက္လာခဲ့ပါၿပီ။ Dual-screen နဲ႔ Flagship ကို ဥေရာပ၊ ေျမာက္အေမရိကနဲ႔ အာရွေစ်းကြက္ေတြသို႔ ျဖန္႔ခ်ိလာမွာျဖစ္ပါတယ္။

ဒီဖုန္းရဲ႕ အဓိကဖမ္းစားမႈကေတာ့ ေက်ာဘက္မွာ 5.1” လက္မအရြယ္ ဒုတိယေျမာက္ Display တစ္ခု ပါတာပါ။ ေရွ႕ဘက္မွာေတာ့ ပုံမွန္ 6.42” လက္မအရြယ္ Curved AMOLED Display တစ္ခုကို ေတြ႕ရမွာျဖစ္ၿပီး ေရွ႕ဆယ္လ္ဖီကင္မရာအတြက္ ဘာ Notch မွ မပါဘဲ ရွင္းလင္းေနပါတယ္။

အတြင္းမွာေတာ့ ေနာက္ဆုံးေပၚ Snapdragon 855+ ခ်စ္ပ္ဆက္ကို အသုံးျပဳလာၿပီး 4,000 mAh ဘကၳရီ နဲ႔ Triple-camera တုိ႔ျဖင့္ တြဲဖက္လာပါတယ္။ ဒုတိယေျမာက္ Display ေၾကာင့္ ေနာက္ဘက္က ကင္မရာ သုံးလုံးနဲ႔ပဲ Selfie ရုိက္ကူးႏုိင္မွာျဖစ္ပါတယ္။ ကင္မရာက အဓိက 48MP f/1.7 Sensor တစ္ခု၊ 8MP f/2.4 Telephoto Lens တစ္ခုနဲ႔ 16MP f/2.2 Ultrawide Sensor အတြဲျဖစ္ပါတယ္။

ေနာက္ဘက္ Display အေသးဟာလည္း 5.1” AMOLED Panel တစ္ခုပဲျဖစ္ၿပီး သူခ်ည္းပဲ လုံးဝသီးသန္႔ အသုံးျပဳႏုိင္မွာပါ။ ဒုတိယေျမာက္ Display ေလးဟာ Always-on Display အျဖစ္လည္းေကာင္း၊ ကင္မရာျမင္ကြင္းၾကည့္ဖို႔နဲ႔ ေရွ႕ဘက္ Display ထဲက App ေတြကို ေနာက္မွာယူၿပီး ဆက္အသုံးျပဳတာ စသျဖင့္ နည္းလမ္းေပါင္းစုံ အသုံးခ်ႏုိင္ပါတယ္။

ဒါ့အျပင္ Fingerprint ကိုလည္း ေဘးႏွစ္ဘက္လုံးမွာထည့္သြင္းေပးထားၿပီး Android Pie ကို အေျခခံထားတဲ့ Nubia UI 7 နဲ႔အသုံးျပဳရမွာပါ။ 4,000 mAh ဘကၳရီႀကီးကေတာ့ 27W အားအျမန္သြင္းစနစ္ကို ေထာက္ပံ့ေပးႏုိင္ပါတယ္။

Screen ႏွစ္ခုနဲ႔ ထူးထူးျခားျခား Nubia Z20 ဖုန္းဟာ ကၽြန္ေတာ္တုိ႔ရဲ႕ အိမ္နီးခ်င္းေစ်းကြက္ေတြကိုပါ ဝင္ေရာက္လာမွာပါ။ Twilight Blue နဲ႔ Diamond Black အေရာင္ႏွစ္မ်ဳိးထုတ္လုပ္လာၿပီး 8GB / 128GB ေမာ္ဒယ္တစ္မ်ဳိးတည္းသာရွိေသးတဲ့ ဒီဖုန္းကို ေဒၚလာ ၅၄၉ (ျမန္မာေငြ ရွစ္သိန္းေလးေသာင္းခန္႔) နဲ႔ ေရာင္းခ်လာပါတယ္။

Ref – GSM Arena

Unicode

သြဂုတ်လတုန်းက တရုတ်နိုင်ငံမှာ ကြေညာမိတ်ဆက်ခဲ့ပြီးနောက် တရုတ်ပြည်တွင်းမှာ စတင်ရောင်းချခဲ့တဲ့ Nubia Z20 စမတ်ဖုန်းဟာ ယနေ့ကစပြီး နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်လာခဲ့ပါပြီ။ Dual-screen နဲ့ Flagship ကို ဥရောပ၊ မြောက်အမေရိကနဲ့ အာရှဈေးကွက်တွေသို့ ဖြန့်ချိလာမှာဖြစ်ပါတယ်။

ဒီဖုန်းရဲ့ အဓိကဖမ်းစားမှုကတော့ ကျောဘက်မှာ 5.1” လက်မအရွယ် ဒုတိယမြောက် Display တစ်ခု ပါတာပါ။ ရှေ့ဘက်မှာတော့ ပုံမှန် 6.42” လက်မအရွယ် Curved AMOLED Display တစ်ခုကို တွေ့ရမှာဖြစ်ပြီး ရှေ့ဆယ်လ်ဖီကင်မရာအတွက် ဘာ Notch မှ မပါဘဲ ရှင်းလင်းနေပါတယ်။

အတွင်းမှာတော့ နောက်ဆုံးပေါ် Snapdragon 855+ ချစ်ပ်ဆက်ကို အသုံးပြုလာပြီး 4,000 mAh ဘက္ထရီ နဲ့ Triple-camera တို့ဖြင့် တွဲဖက်လာပါတယ်။ ဒုတိယမြောက် Display ကြောင့် နောက်ဘက်က ကင်မရာ သုံးလုံးနဲ့ပဲ Selfie ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ကင်မရာက အဓိက 48MP f/1.7 Sensor တစ်ခု၊ 8MP f/2.4 Telephoto Lens တစ်ခုနဲ့ 16MP f/2.2 Ultrawide Sensor အတွဲဖြစ်ပါတယ်။

နောက်ဘက် Display အသေးဟာလည်း 5.1” AMOLED Panel တစ်ခုပဲဖြစ်ပြီး သူချည်းပဲ လုံးဝသီးသန့် အသုံးပြုနိုင်မှာပါ။ ဒုတိယမြောက် Display လေးဟာ Always-on Display အဖြစ်လည်းကောင်း၊ ကင်မရာမြင်ကွင်းကြည့်ဖို့နဲ့ ရှေ့ဘက် Display ထဲက App တွေကို နောက်မှာယူပြီး ဆက်အသုံးပြုတာ စသဖြင့် နည်းလမ်းပေါင်းစုံ အသုံးချနိုင်ပါတယ်။

ဒါ့အပြင် Fingerprint ကိုလည်း ဘေးနှစ်ဘက်လုံးမှာထည့်သွင်းပေးထားပြီး Android Pie ကို အခြေခံထားတဲ့ Nubia UI 7 နဲ့အသုံးပြုရမှာပါ။ 4,000 mAh ဘက္ထရီကြီးကတော့ 27W အားအမြန်သွင်းစနစ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။

Screen နှစ်ခုနဲ့ ထူးထူးခြားခြား Nubia Z20 ဖုန်းဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဈေးကွက်တွေကိုပါ ဝင်ရောက်လာမှာပါ။ Twilight Blue နဲ့ Diamond Black အရောင်နှစ်မျိုးထုတ်လုပ်လာပြီး 8GB / 128GB မော်ဒယ်တစ်မျိုးတည်းသာရှိသေးတဲ့ ဒီဖုန်းကို ဒေါ်လာ ၅၄၉ (မြန်မာငွေ ရှစ်သိန်းလေးသောင်းခန့်) နဲ့ ရောင်းချလာပါတယ်။

Ref – GSM Arena