Elon Musk ရဲ့ X ဟာ ဝက်ဘ်ဆိုက်တချို့ရဲ့ လင့်တွေကို နှေးကွေးအောင်ပြုလုပ်နေတယ်လို့ သတင်းထွက်လာပါတယ်။ User တွေက The New York Times, Mastodon , Bluesky , Threads နဲ့ Substack တို့ အပါအဝင် နာမည်ကြီး ဝက်ဘ်ဆိုက်တွေကို Loading လုပ်တဲ့အခါ ၅ စက္ကန့် နောက်ကျနေတယ်လို့ ပြောကြပါတယ်။

Elon Musk

ဒါဟာ မတော်တဆ ဖြစ်နေတာ မဟုတ်နိုင်ပါဘူး။ Musk ဟာ အရင်ကတည်းက အစာမကျေခဲ့တဲ့ ဝက်ဘ်ဆိုက်တွေကို ပစ်မှတ်ထားနေပုံရပါတယ်။ Musk ဟာ အဲဒီ ကုမ္ပဏီတွေအပေါ် အရင်ကတည်းက မကျေမနပ် ဖြစ်နေတာကို လူတွေ သိထားပြီးသား ဖြစ်ပြီး အခု ဖြစ်ရပ်ကလည်း ဒါကို သက်သေပြနေပါတယ်။ ဒါဟာ တိုက်ဆိုက်မှုလားဆိုတာက အဖြေထုတ်ဖို့ခက်ပါတယ်။

Musk ဟာ အဲဒီ ပလက်ဖောင်းတွေနဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေ ရှိပေမယ့် ဒီလို နှောင့်နှေးနေတဲ့ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ The New York Times နဲ့ Substack တို့က ဒီလို နှောင့်နှေးနေတဲ့အပေါ် စိုးရိမ်နေကြပြီး ရန်လိုတဲ့ အပြုအမူလို့ ပြောကြပါတယ်။

Links to sites Elon Musk publicly attacked apparently load slower on X —  TechWar.GR

Substack တည်ထောင်သူတွေက လူမှုကွန်ရက် ကုမ္ပဏီတွေဟာ မယုံကြည်ရဘူးလို့ ပြောပါတယ်။ လူမှုကွန်ရက် ပလက်ဖောင်းတွေဟာ ကျင့်ဝတ်ရှိကြသလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ ကုမ္ပဏီကြီးတွေဟာ ကုမ္ပဏီငယ်တွေကို အနိုင်ကျင့်ကြသလားဆိုတာလည်း မေးစရာဖြစ်လာပါတယ်။

X က ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ မတုန့်ပြန်သေးပါဘူး။ လူမှုကွန်ရက် ပလက်ဖောင်းတွေ ကြီးစိုးနေတဲ့ ကာလမှာ အဲဒီ လူမှုကွန်ရက်တွေကို ထိန်းချုပ်ထားတဲ့ လူတွေဟာ တာဝန်ယူမှု ရှိသင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

Ref : gizmochina