Zawgyi

Apple ကေန ဒီႏွစ္အတြက္ iPhone အသစ္ေတြကို လာမယ့္စက္တင္ဘာလဆုိရင္ တရားဝင္မိတ္ဆက္သြားေတာ့မွာပါ။ ဒီမိတ္ဆက္လာမယ့္ iPhone အသစ္ေတြရဲ႕ Design ေတြ၊ ပါလာမယ့္ Feature ေတြကိုလည္း အခုအခ်ိန္မွာ အကုန္လံုးနီးပါးသိရွိေနျပီျဖစ္သလုိ Apple အေနနဲ႔ မႏွစ္တုန္းက iPhone XS ထက္ Camera ပိုင္းကလြဲျပီးေတာ့ တျခားအရမ္းၾကီး ေျပာင္းလဲမႈေတြမရွိခဲ့ဘူးလုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။

ဒါေပမယ့္ ဒီႏွစ္ iPhone ေတြက အရမ္းထူးျခားမႈမရွိသေလာက္ ေနာက္လာမယ့္ 2020 မွာ မိတ္ဆက္လာမယ့္ iPhone ေတြကေတာ့ ေျပာင္းလဲမႈေတြမ်ားျပားလာမယ္ဆိုတဲ့သတင္းေတြထြက္ေပၚေနျပီျဖစ္ပါတယ္။ အခု Article မွာေတာ့ ဘာေၾကာင့္ ဒီႏွစ္ iPhone ေတြအစား 2020 iPhone ေတြကို ေစာင့္သင့္သလဲဆုိတာကို ေဖာ္ျပေပးသြားမွာပါ။

ပထမဆံုးအေနနဲ႔ကေတာ့ Apple က လက္ရွိ Huawei P30 Pro ၊ Samsung Galaxy S10 5G နဲ႔ Note 10 ေတြမွာ ထည့္သြင္းေပးေနၾကသလုိမ်ိဳးပဲ 2020 iPhone ေတြမွာ Time-of-Flight (ToF) Camera ေတြကို ထည့္သြင္းေပးလာေတာ့မွာပါ။ ဒီအတြက္ကိုလည္း Apple ကေန Face ID Supplier ျဖစ္တဲ့ Lumentum ကို ToF Sensor ေတြ တုိးခ်ဲ႕ထုတ္လုပ္ေပးဖုိ႔ ေျပာၾကားထားျပီျဖစ္တယ္လုိ႔ သိရပါတယ္။ အခု ToF Sensor ေတြဟာ Face ID ကို ပိုေကာင္းမြန္ျမန္ဆန္ေအာင္ လုပ္ေပးမယ့္အျပင္ ေနာက္ဖက္ Back Camera မွာလည္း ထည့္သြင္းလာမွာျဖစ္ျပီး Portrait နဲ႔ AR/VR ပိုင္းမွာ အခုထက္ပိုေကာင္းလာမွာပါ။

ေနာက္တစ္ခ်က္ကေတာ့ Performance ပိုင္းမွာျဖစ္ျပီးေတာ့ ဒီႏွစ္ထြက္လာမယ့္ iPhone အသစ္ေတြက 7nm ကိုပဲ အေျခခံမယ့္ A13 Processor ကို သံုးလာမွာျဖစ္တဲ့အတြက္ Performance ပိုင္းမွာ မႏွစ္က iPhone XS ေတြထက္ သိသိသာသာတုိးလာမွာမဟုတ္ပါဘူး။

ဒါေပမယ့္ 2020 iPhone ေတြမွာ သံုးလာမယ့္ A14 Processor က ၾကီးမားတဲ့ Performance Upgrade ျဖစ္တဲ့ 5nm Architecture ကို အသံုးျပဳလာမွာျဖစ္ျပီးေတာ့ TSMC က Production ကိုေတာင္ စတင္ေနျပီျဖစ္ပါတယ္။ အခုလုိမ်ိဳး 7nm ကေန 5nm ကို ေျပာင္းလဲလုိက္တာက Apple အတြက္ A11 ကေန A12 ကို ေျပာင္းခဲ့သလုိမ်ိဳးပဲ Performance ပိုင္းမွာ သိသိသာသာကို ျမန္ဆန္လာမွာ က်ိန္းေသေနပါတယ္။

ေနာက္ဆံုးတစ္ခုကေတာ့ အနည္းဆံုး 2020 iPhone တစ္မ်ိဳးက Qualcomm ရဲ႕ 5G Modem ကို သံုးလာမွာပါ။ Apple အေနနဲ႔ 5G Modem Business အတြက္ Qualcomm ကိုေရြးခ်ယ္လုိက္တာက လက္ရွိ 5G ဖုန္းေတြနဲ႔ ေကာင္းေကာင္းကို ယွဥ္ျပိဳင္လာႏုိင္မယ္လုိ႔ ယူဆရပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီ အခ်က္ ၃ ခ်က္နဲ႔တင္ Apple က ဒီႏွစ္ iPhone ေတြအစား ေနာက္ႏွစ္ iPhone ေတြကို ပိုုျပီး အာရုံစိုက္ေနတယ္ဆိုတာ သိသာေနပါျပီ။

Ref – Phone Arena

Unicode

Apple ကနေ ဒီနှစ်အတွက် iPhone အသစ်တွေကို လာမယ့်စက်တင်ဘာလဆိုရင် တရားဝင်မိတ်ဆက်သွားတော့မှာပါ။ ဒီမိတ်ဆက်လာမယ့် iPhone အသစ်တွေရဲ့ Design တွေ၊ ပါလာမယ့် Feature တွေကိုလည်း အခုအချိန်မှာ အကုန်လုံးနီးပါးသိရှိနေပြီဖြစ်သလို Apple အနေနဲ့ မနှစ်တုန်းက iPhone XS ထက် Camera ပိုင်းကလွဲပြီးတော့ တခြားအရမ်းကြီး ပြောင်းလဲမှုတွေမရှိခဲ့ဘူးလို့တောင် ပြောလို့ရပါတယ်။

ဒါပေမယ့် ဒီနှစ် iPhone တွေက အရမ်းထူးခြားမှုမရှိသလောက် နောက်လာမယ့် 2020 မှာ မိတ်ဆက်လာမယ့် iPhone တွေကတော့ ပြောင်းလဲမှုတွေများပြားလာမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပြီဖြစ်ပါတယ်။ အခု Article မှာတော့ ဘာကြောင့် ဒီနှစ် iPhone တွေအစား 2020 iPhone တွေကို စောင့်သင့်သလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။

ပထမဆုံးအနေနဲ့ကတော့ Apple က လက်ရှိ Huawei P30 Pro ၊ Samsung Galaxy S10 5G နဲ့ Note 10 တွေမှာ ထည့်သွင်းပေးနေကြသလိုမျိုးပဲ 2020 iPhone တွေမှာ Time-of-Flight (ToF) Camera တွေကို ထည့်သွင်းပေးလာတော့မှာပါ။ ဒီအတွက်ကိုလည်း Apple ကနေ Face ID Supplier ဖြစ်တဲ့ Lumentum ကို ToF Sensor တွေ တိုးချဲ့ထုတ်လုပ်ပေးဖို့ ပြောကြားထားပြီဖြစ်တယ်လို့ သိရပါတယ်။ အခု ToF Sensor တွေဟာ Face ID ကို ပိုကောင်းမွန်မြန်ဆန်အောင် လုပ်ပေးမယ့်အပြင် နောက်ဖက် Back Camera မှာလည်း ထည့်သွင်းလာမှာဖြစ်ပြီး Portrait နဲ့ AR/VR ပိုင်းမှာ အခုထက်ပိုကောင်းလာမှာပါ။

နောက်တစ်ချက်ကတော့ Performance ပိုင်းမှာဖြစ်ပြီးတော့ ဒီနှစ်ထွက်လာမယ့် iPhone အသစ်တွေက 7nm ကိုပဲ အခြေခံမယ့် A13 Processor ကို သုံးလာမှာဖြစ်တဲ့အတွက် Performance ပိုင်းမှာ မနှစ်က iPhone XS တွေထက် သိသိသာသာတိုးလာမှာမဟုတ်ပါဘူး။

ဒါပေမယ့် 2020 iPhone တွေမှာ သုံးလာမယ့် A14 Processor က ကြီးမားတဲ့ Performance Upgrade ဖြစ်တဲ့ 5nm Architecture ကို အသုံးပြုလာမှာဖြစ်ပြီးတော့ TSMC က Production ကိုတောင် စတင်နေပြီဖြစ်ပါတယ်။ အခုလိုမျိုး 7nm ကနေ 5nm ကို ပြောင်းလဲလိုက်တာက Apple အတွက် A11 ကနေ A12 ကို ပြောင်းခဲ့သလိုမျိုးပဲ Performance ပိုင်းမှာ သိသိသာသာကို မြန်ဆန်လာမှာ ကျိန်းသေနေပါတယ်။

နောက်ဆုံးတစ်ခုကတော့ အနည်းဆုံး 2020 iPhone တစ်မျိုးက Qualcomm ရဲ့ 5G Modem ကို သုံးလာမှာပါ။ Apple အနေနဲ့ 5G Modem Business အတွက် Qualcomm ကိုရွေးချယ်လိုက်တာက လက်ရှိ 5G ဖုန်းတွေနဲ့ ကောင်းကောင်းကို ယှဉ်ပြိုင်လာနိုင်မယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ အချက် ၃ ချက်နဲ့တင် Apple က ဒီနှစ် iPhone တွေအစား နောက်နှစ် iPhone တွေကို ပိုပြီး အာရုံစိုက်နေတယ်ဆိုတာ သိသာနေပါပြီ။

Ref – Phone Arena