စမတ်ဖုန်း ကုမ္ပဏီတွေဟာ အားသွင်းအမြန်နှုန်းကို ပိုကောင်းအောင် အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ အခုဆိုရင် 200W Wired Charging ထက် ပိုတဲ့ စမတ်ဖုန်းတွေ ထွက်ပေါ်လာပါပြီ။ အခုတော့ Infinix က 260W Wired Charging ပါတဲ့ ဖုန်း ၁ လုံးကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။

Infinix 260W Thunder Charge first look

Infinix 260W Thunder Charge Charger ရဲ့ ဓါတ်ပုံ ၁ ပုံကို Gsmarena က ရရှိထားပါတယ်။ အဲဒီ Charger ကို 180W Charging ပါတဲ့ Infinix Zero Ultra လို့ ထင်ရတဲ့ ဖုန်း ၁ လုံးဘေးမှာ တွေ့ရပါတယ်။ အဲဒီ 260W Charging စနစ်မှာ Four-way 100W Charge Pump နဲ့ Safe Charging Control ပါတဲ့ AHB (Advanced High-Performance Bus) Circuit Design ပါလာနိုင်ပါတယ်။

Infinix price list in the Philippines 2023 | NoypiGeeks

Infinix ဟာ 100W Wireless Charging ကို စမ်းသပ်နေတယ်လို့ သတင်းရထားပြီး အားသွင်းနှုန်း မြန်စေတဲ့ Custom-coil Design ကို အသုံးပြုထားပါတယ်။

Infinix ဟာ 260W Charging နည်းပညာကို မတ်လ ၉ ရက်နေ့ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ 260W Charger နဲ့အတူ ဖုန်း အသစ် ၁ လုံးကိုပါ ကြေညာမလားဆိုတာ မသိရသေးပါဘူး။ အဲဒီဖုန်းဟာ Infinix Zero Ultra ကို အဆင့်မြှင့်ထားတာလည်း ဖြစ်နိုင်ပါတယ်။

Infinix သာ 260W Charging ပါတဲ့ ဖုန်းကို ကြေညာမယ်ဆိုရင် realme မကြာခင်ကမှ ကြေညာထားတဲ့ 240W Charging ပါတဲ့ GT Neo5 နဲ့ realme GT3 တို့ထက် သာလွန်သွားမှာပါ။

Ref : gsmarena