[Zawgyi]

Facebook ဟာ အသုံးျပဳသူရဲ႕ Privacy နဲ႔ပတ္သက္ၿပီး အၿမဲတမ္းလိုလို သံသယျဖစ္ခံရတဲ့ လူမႈကြန္ရက္တစ္ခုလည္း ျဖစ္ပါတယ္။ ၂၀၁၈ တစ္ႏွစ္လုံး လုံၿခဳံေရးပိုင္းဆိုင္ရာ ျပႆနာမ်ားစြာ၊ အခ်က္အလက္ေပါက္ၾကားျခင္းေပါင္းမ်ားစြာနဲ႔ နာမည္ပ်က္ခဲ့တာပါ။

အခုေနာက္ဆုံးသိလာရျပန္တာက Facebook ဟာ Deactivate လုပ္သြားတဲ့အေကာင့္ေတြကိုေတာင္မွ ဆက္ၿပီးေျခရာခံေနတုန္းပဲဆိုတာပါ။ ဒီအေၾကာင္းကို အထင္ကရ နည္းပညာမီဒီယာႀကီးတစ္ခုျဖစ္တဲ့ CNET က ေရးသားေဖာ္ျပခဲ့တာပါ။ Facebook ဟာ အသုံးမျပဳေတာ့ဘဲ Deactivate လုပ္သြားတဲ့ အေကာင့္ေတြကို ေျခရာခံ႐ုံသာမကဘဲ အခ်က္အလက္ေတြကိုလည္း သိမ္းဆည္းထားတယ္လို႔ CNET က အခိုင္အမာဆိုလိုက္တာ ျဖစ္ပါတယ္။

အသုံးျပဳသူအမ်ားစုကေတာ့ သူတို႔ရဲ႕ အေကာင့္ကို Deactivate လုပ္လိုက္ရင္ သူတို႔အေကာင့္ေတြကို ေျခရာခံတာ၊ အခ်က္အလက္ေတြ ဆက္ၿပီးရယူေနတာမ်ိဳး မလုပ္ေတာ့ဘူးလို႔ ယုံၾကည္ေနၾကပါတယ္။ ဒါေပမယ့္ ဒီလိုထင္ထားတာက မွားယြင္းေနေၾကာင္း CNET က ေျပာလိုက္တာ ျဖစ္ပါတယ္။

Facebook အေကာင့္တစ္ခုကို Deactivate လုပ္လိုက္တာဟာ အြန္လိုင္းေပၚမွာရွိေနတဲ့ အျခားအေကာင့္ေတြရဲ႕ ျမင္ကြင္းကေန ထြက္ခြာသြားတာပဲ ျဖစ္ပါတယ္။ ကုမၸဏီရဲ႕ အခ်က္အလက္ မူဝါဒအတြက္ကေတာ့ ဒီလိုမဟုတ္ပါဘူး။ ေနာက္တစ္ခ်က္က အေကာင့္တစ္ခု ဖ်က္ရင္လည္း Sever ေပၚက အခ်က္အလက္ေတြကိုဖ်က္ပစ္ဖို႔ Facebook က ရက္ ၃၀ ေစာင့္ပါေသးတယ္။ ဒီအခ်ိန္အတြင္းမွာ ေျခရာခံတာနဲ႔ အခ်က္အလက္ေတြ စုေဆာင္းတာေတြကို လုပ္တာျဖစ္ပါတယ္။

Ref: CNET, Android Authority

[Unicode]

Deactivate လုပ်သွားတဲ့ အကောင့်တွေကိုလည်း ခြေရာခံနေတဲ့ Facebook

Facebook ဟာ အသုံးပြုသူရဲ့ Privacy နဲ့ပတ်သက်ပြီး အမြဲတမ်းလိုလို သံသယဖြစ်ခံရတဲ့ လူမှုကွန်ရက်တစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၈ တစ်နှစ်လုံး လုံခြုံရေးပိုင်းဆိုင်ရာ ပြဿနာများစွာ၊ အချက်အလက်ပေါက်ကြားခြင်းပေါင်းများစွာနဲ့ နာမည်ပျက်ခဲ့တာပါ။

အခုနောက်ဆုံးသိလာရပြန်တာက Facebook ဟာ Deactivate လုပ်သွားတဲ့အကောင့်တွေကိုတောင်မှ ဆက်ပြီးခြေရာခံနေတုန်းပဲဆိုတာပါ။ ဒီအကြောင်းကို အထင်ကရ နည်းပညာမီဒီယာကြီးတစ်ခုဖြစ်တဲ့ CNET က ရေးသားဖော်ပြခဲ့တာပါ။ Facebook ဟာ အသုံးမပြုတော့ဘဲ Deactivate လုပ်သွားတဲ့ အကောင့်တွေကို ခြေရာခံရုံသာမကဘဲ အချက်အလက်တွေကိုလည်း သိမ်းဆည်းထားတယ်လို့ CNET က အခိုင်အမာဆိုလိုက်တာ ဖြစ်ပါတယ်။

အသုံးပြုသူအများစုကတော့ သူတို့ရဲ့ အကောင့်ကို Deactivate လုပ်လိုက်ရင် သူတို့အကောင့်တွေကို ခြေရာခံတာ၊ အချက်အလက်တွေ ဆက်ပြီးရယူနေတာမျိုး မလုပ်တော့ဘူးလို့ ယုံကြည်နေကြပါတယ်။ ဒါပေမယ့် ဒီလိုထင်ထားတာက မှားယွင်းနေကြောင်း CNET က ပြောလိုက်တာ ဖြစ်ပါတယ်။

Facebook အကောင့်တစ်ခုကို Deactivate လုပ်လိုက်တာဟာ အွန်လိုင်းပေါ်မှာရှိနေတဲ့ အခြားအကောင့်တွေရဲ့ မြင်ကွင်းကနေ ထွက်ခွာသွားတာပဲ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အချက်အလက် မူဝါဒအတွက်ကတော့ ဒီလိုမဟုတ်ပါဘူး။ နောက်တစ်ချက်က အကောင့်တစ်ခု ဖျက်ရင်လည်း Sever ပေါ်က အချက်အလက်တွေကိုဖျက်ပစ်ဖို့ Facebook က ရက် ၃၀ စောင့်ပါသေးတယ်။ ဒီအချိန်အတွင်းမှာ ခြေရာခံတာနဲ့ အချက်အလက်တွေ စုဆောင်းတာတွေကို လုပ်တာဖြစ်ပါတယ်။

Ref: Android Authority