လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက Facebook ဟာ Android ဖုန်းတွေကတစ်ဆင့် မမျှော်လင့်ထားတဲ့ အရာအချို့ကို ပြုလုပ်နေကြောင်း သုံးစွဲသူအချို့က သတိထားမိခဲ့ကြပါတယ်။ အဲဒါကတော့ နာမည်တွေ၊ နံပါတ်တွေ၊ ခေါ်ဆိုမှုတိုင်းရဲ့ ကြာချိန်တွေကို မှတ်တမ်းတင်တာမျိုး ဖြစ်ပါတယ်။

Facebook ရဲ့ အသုံးပြုသူအချက်အလက်ရယူမှုကို Twitter မှာ လူသိရှင်ကြားထုတ်ပြန်ပြီးတဲ့နောက် Android စမတ်ဖုန်းအသုံးပြုသူအများအပြားက ဒါဟာ အသုံးပြုသူရဲ့ ကိုယ်ရေ:ကိုယ်တာလုံခြုံမှုကို ချိုးဖောက်တာပဲလို့စွပ်စွဲပြီး ဆိုရှယ်မီဒီယာကုမ္ပဏီကြီးကိုလည်း စုပေါင်းတရားစွဲဆိုမှု ပြုလုပ်ခဲ့ကြပါတယ်။

ဒီ စုပေါင်းတရားစွဲဆိုမှုဟာ လေးနှစ်နီးပါးကြာမြင့်ခဲ့ပြီး အခုအချိန်မှာတော့ Facebook က တောင်းဆိုမှုတွေကို ဖြေရှင်းဖို့ အဆင်သင့် ဖြစ်နေတယ်လို့ ယူဆရပါတယ်။ ကယ်လီဖိုးနီးယားမြောက်ပိုင်း ခရိုင်တရားရုံးက မှတ်တမ်းတွေကိုကိုးကားပြီး တရားစွဲဆိုတဲ့ စည်းကမ်းချက်တွေဟာ လုံးဝပြေလည်သွားခြင်းမရှိကြောင်းနဲ့ တရားသူကြီး Richard Seeborg ထံကနေ နောက်ဆုံး အတည်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ Facebook (Meta) ဟာ ဘယ်လိုဖြေရှင်းမှုမျိုးကိုမဆို သဘောတူလက်ခံထားတယ်လို့သိရပြီး ဒါဟာစိတ်ဝင်စားစရာကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အချက်အလက် စစ်ဆေးမှုတွေပြန်လုပ်ပြီးချိန်မှာတော့ ဒီပြဿနာဟာ သုံးစွဲသူတွေရဲ့ တာဝန်ပဲလို့ ဆိုခဲ့ပါတယ်။ ကုမ္ပဏီဟာ သုံးစွဲသူတွေအတွက် “opt-in only” ပဲ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ နှစ်ဖက်စလုံးဟာ ကျေအေးသွားကြဖွယ်ရှိပြီး၊ ဒီကြေအေးမှုကို တရားသူကြီးကလည်း သဘောတူခွင့်ပြုဖို့လိုအပ်ပါတယ်။ ဒီအတွက် လာမဲ့ဧပြီလမှာ တရားရုံးကို ပြန်လည်တက်ရောက်ကြရဦးမှာ ဖြစ်ပါတယ်။

Ref: Android Police