[Zawgyi]

ေနာက္ဆုံးမွာေတာ့ FA ေတြရဲ႕ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ျဖစ္တဲ့ Dating ကို Facebook က တရားဝင္ ျဖန႔္ခ်ိလိုက္ၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလကတည္းက စမ္းသပ္ေနတဲ့ Dating ဟာ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလမွာ အေဖာ္မဲ့သူ Facebook User ေတြအတြက္ အမွန္တကယ္ပဲ ထြက္ေပၚလာၿပီ ျဖစ္ပါတယ္။

Facebook Dating ကို အလြယ္တကူအသုံးျပဳႏိုင္ေအာင္လို႔ အေကာင့္သစ္ဖြင့္စရာမလိုဘဲ လက္ရွိသုံးေနတဲ့ အေကာင့္နဲ႔ပဲ ဆက္သုံးႏိုင္ေအာင္ ခြင့္ျပဳေပးထားပါတယ္။ ခ်ိန္းေတြ႕တဲ့အစီအစဥ္ထဲမွာ ရွိႏွင့္ၿပီးသူေတြကလည္း လူသစ္ေတြကို အႀကံျပဳမႈေတြ ေပးႏိုင္မွာျဖစ္ပါတယ္။ အေဖာ္မဲ့သူအခ်င္းခ်င္း ႐ိုင္းပင္းၾကမယ့္သေဘာပါ။

ခ်ိန္းေတြ႕တဲ့အခါမွာလည္း မလိုလားအပ္တဲ့ ျပႆနာေတြ မျဖစ္ေအာင္လို႔ Facebook က စီမံထားပါေသးတယ္။ အဲဒါကေတာ့ ကိုယ္ခ်ိန္းေတြ႕တဲ့အေၾကာင္းအရာနဲ႔ တည္ေနရာကို Messenger ကေနတစ္ဆင့္ သူငယ္ခ်င္းေတြဆီ မွ်ေဝႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က Tinder လိုမ်ိဳးပဲ Facebook Dating မွာလည္း Stories ေတြ ရွိပါတယ္။

လူေျပာမ်ားေနတဲ့ တိတ္တခိုးနဲ႔ႀကိတ္ပိုးေနတာဘယ္သူလဲ ဆိုတဲ့ Feature ကလည္း Dating နဲ႔အတူ ပါလာဦးမွာျဖစ္ပါတယ္။ Secret Crush အေၾကာင္းေတြးၿပီး ရင္ခုန္ခ်င္သူေတြတြက္ အျပာေရာင္ဖီလင္က တကယ္ျဖစ္လာေတာ့မယ္လို႔ ဆိုရမွာပါ။

Facebook Dating ဟာ လက္ရွိအခ်ိန္မွာ ႏိုင္ငံ ၂၀ ပဲ သုံးခြင့္ရွိပါေသးတယ္။ အာဂ်င္တီးနား၊ ဘိုလီးဗီးယား၊ ဘရာဇီး၊ ကေနဒါ၊ ကိုလံဘီယာ၊ အီေကြေဒါ၊ ဂိုင္ယာနာ၊ လာအို၊ မေလးရွား၊ မကၠစီကို၊ ပါရာေဂြး၊ ပီ႐ူး၊ ဖိလစ္ပိုင္၊ စကၤာပူ၊ ဆူရာနမ္၊ ထိုင္း၊ ဥ႐ုေဂြး၊ ဗီယက္နမ္ နဲ႔ အေမရိကန္ ႏိုင္ငံေတြမွာေတာ့ သုံးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ အေစာပိုင္းမွာေတာ့ လက္ရွိစာရင္းမွာမပါဝင္တဲ့ ဥေရာပႏိုင္ငံေတြအတြက္ စတင္ထုတ္လႊတ္ေပးမယ္လို႔လည္း သိရပါတယ္။

Ref: GSM Arena

[Unicode]

Facebook Dating ကို နိုင်ငံပေါင်း ၂၀ မှာ စတင်အသုံးပြုခွင့်ပေးလိုက်ပြီ

နောက်ဆုံးမှာတော့ FA တွေရဲ့မျှော်လင့်ချက်ရောင်ခြည်ဖြစ်တဲ့ Dating ကို Facebook က တရားဝင် ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလကတည်းက စမ်းသပ်နေတဲ့ Dating ဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ အဖော်မဲ့သူ Facebook User တွေအတွက် အမှန်တကယ်ပဲ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

Facebook Dating ကို အလွယ်တကူအသုံးပြုနိုင်အောင်လို့ အကောင့်သစ်ဖွင့်စရာမလိုဘဲ လက်ရှိသုံးနေတဲ့ အကောင့်နဲ့ပဲ ဆက်သုံးနိုင်အောင် ခွင့်ပြုပေးထားပါတယ်။ ချိန်းတွေ့တဲ့အစီအစဉ်ထဲမှာ ရှိနှင့်ပြီးသူတွေကလည်း လူသစ်တွေကို အကြံပြုမှုတွေ ပေးနိုင်မှာဖြစ်ပါတယ်။ အဖော်မဲ့သူအချင်းချင်း ရိုင်းပင်းကြမယ့်သဘောပါ။

ချိန်းတွေ့တဲ့အခါမှာလည်း မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင်လို့ Facebook က စီမံထားပါသေးတယ်။ အဲဒါကတော့ ကိုယ်ချိန်းတွေ့တဲ့အကြောင်းအရာနဲ့ တည်နေရာကို Messenger ကနေတစ်ဆင့် သူငယ်ချင်းတွေဆီ မျှဝေနိုင်ပါတယ်။ နောက်တစ်ချက်က Tinder လိုမျိုးပဲ Facebook Dating မှာလည်း Stories တွေ ရှိပါတယ်။

လူပြောများနေတဲ့ တိတ်တခိုးနဲ့ကြိတ်ပိုးနေတာဘယ်သူလဲ ဆိုတဲ့ Feature ကလည်း Dating နဲ့အတူ ပါလာဦးမှာဖြစ်ပါတယ်။ Secret Crush အကြောင်းတွေးပြီး ရင်ခုန်ချင်သူတွေတွက် အပြာရောင်ဖီလင်က တကယ်ဖြစ်လာတော့မယ်လို့ ဆိုရမှာပါ။

Facebook Dating ဟာ လက်ရှိအချိန်မှာ နိုင်ငံ ၂၀ ပဲ သုံးခွင့်ရှိပါသေးတယ်။ အာဂျင်တီးနား၊ ဘိုလီးဗီးယား၊ ဘရာဇီး၊ ကနေဒါ၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ဂိုင်ယာနာ၊ လာအို၊ မလေးရှား၊ မက္ကစီကို၊ ပါရာဂွေး၊ ပီရူး၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ဆူရာနမ်၊ ထိုင်း၊ ဥရုဂွေး၊ ဗီယက်နမ် နဲ့ အမေရိကန် နိုင်ငံတွေမှာတော့ သုံးနိုင်တော့မှာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာတော့ လက်ရှိစာရင်းမှာမပါဝင်တဲ့ ဥရောပနိုင်ငံတွေအတွက် စတင်ထုတ်လွှတ်ပေးမယ်လို့လည်း သိရပါတယ်။

Ref: GSM Arena