Facebook မှာ လွန်ခဲ့တဲ့လပိုင်းက Story ဆိုပြီး Instagram နဲ့ တူညီတဲ့ Feature တစ်ခုကို ထည့်သွင်းခဲ့တာအချိန်အနည်းငယ်ကြာပြီပဲဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Facebook Messenger မှာလည်း အလားတူ Messenger My Day ဆိုပြီး သီးသန့် Feature တစ်ခုပါဝင်လာတာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Facebook ကနေ Messenger Stories Feature ကို ရပ်ဆိုင်းလိုက်ပြီးတော့ လက်ရှိ Messenger My Day နေရာမှာမြင်နေရတဲ့ သူငယ်ချင်းတွေရဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေက Facebook Stories မှာတင်ထားတာတွေပဲ ပေါ်နေတော့မှာဖြစ်ပါတယ်။

အခုလိုမျိုး ၂ ခုပေါင်းစပ်လိုက်တဲ့အတွက် အသုံးပြုသူတွေအနေနဲ့ Facebook မှာ တစ်ခါ၊ Messenger မှာ တစ်ခါ စုစုပေါင်း ၂ ခေါက်ပြန်တင်စရာမလိုတော့ပါဘူး။ ဒါပေမယ့် Instagram ကနေ Facebook Stories ကို တင်လို့ရပေမယ့် Facebook ကနေ Instagram Stories ကိုတော့ တင်လို့မရသေးပါဘူး။

Facebook Story နဲ့ Messenger My Day ဆိုတာကတော့ ကိုယ့် Timeline နဲ့ Messages တွေရဲ့ အပေါ်မှာမြင်နေရတဲ့ ကိုယ့်သူငယ်ချင်းတွေက တင်ထားတဲ့၂၄ နာရီပဲခံတဲ့ ဓါတ်ပုံနဲ့ ဗီဒီယို အတိုတွေကိုပြောတာဖြစ်ပါတယ်။