Facebook မှာ အမြင်ကတ်စရာကောင်းလောက်အောင် ကြော်ငြာတွေ၊ Online Shopping Posts တွေကို Share နေတဲ့သူငယ်ချင်းတွေရှိပါသလား? Unfollow လုပ်မိရင်လည်း နောက်လိုအပ်တဲ့အချိန်ကြရင် ပြန်ပြီး Follow လုပ်ဖို့ သတိမေ့သွားတတ်ပါသလား?

အဲ့ဒါဆိုရင်တော့ Facebook ကနေ အခုထည့်သွင်းပေးတော့မယ့် Snooze Feature က အဆင်ပြေစေမှာပါ။ Snooze Feature ဆိုတာက ကိုယ့် သူငယ်ချင်းတွေ၊ Page တွေနဲ့ Groups တွေကို Unfollow လုပ်ထားနိုင်တဲ့ Features တစ်ခုပဲဖြစ်ပြီး Unfollow Feature နဲ့ မတူတာက Snooze Feature ဟာ ရက် ၃၀ ပဲ Unfollow လုပ်သွားမှာဖြစ်ပြီးတော့ ရက် ၃၀ ပြည့်ရင် ပြန်ပြီး Follow လုပ်သွားမှာဖြစ်ပါတယ်။

Facebook ရဲ့ ယခု Snooze Feature ဟာ စမ်းသပ်နေတုန်းဖြစ်ပြီး အချို့သော Facebook Account တွေမှာတော့ စတင်အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် နောက်မကြာခင်အချိန်အတွင်းမှာ အခြားသော Facebook Account တွေမှာလည်း အသုံးပြုလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

တကယ်လို့ Facebook ရဲ့ Snooze Features ရလာရင် ရက် ၃၀ လောက် Unfollow လုပ်ချင်တဲ့သူတွေရှိကြလားဗျ?