Facebook ကနေ အခုနောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းမှားတွေပျံ့ပွားခြင်းမရှိအောင် ဆက်တိုက်ထိန်းချူပ်နေတာဖြစ်ပါတယ်။ အခုလည်း Facebook ကနေ COVID-19 နဲ့ပတ်သက်ပြီးနောက်ထပ် Feature တစ်ခုကို ဆောင်ရွက်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

ဒါကတော့ Facebook ပေါ်မှာတက်လာတဲ့ COVID-19 နဲ့ ပတ်သက်တဲ့သတင်းမှားတွေကို ဖတ်ရှုမိလိုက်တဲ့သူတွေကို Facebook ကနေ အဆိုပါ သတင်းက မှားယွင်းကြောင်းပြန်လည်အသိပေးသွားမှာဖြစ်ပါတယ်။ ဒါက Facebook ကနေ ဖျက်ချပြီးဖြစ်တဲ့သတင်းမှားတွေအပါအဝင် ပြန်လည်အသိပေးတဲ့အချိန်မှာလည်း WHO ရဲ့ COVID-19 နဲ့ ပတ်သက်တဲ့အယူအဆအမှားတွေကိုပါ ဖော်ပြပေးသွားဦးမှာပါ။

Facebook ကအခုလိုပုံစံမျိုးကို ပြီးခဲ့တဲ့ ၂၀၁၆ US ရွေးကောက်ပွဲတုန်းမှာလည်း ဆောင်ရွက်ခဲ့ပြီးတော့ အခု COVID-19 ကိစ္စမှာလည်း အသုံးပြုသူတွေကို WHO နဲ့ CDC လိုမျိုး ယုံကြည်ရတဲ့သတင်းတွေကိုပဲ စောင့်ကြည့်ဖတ်ရှုဖို့တိုက်တွန်းနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက ကြေညာသွားခဲ့တဲ့ Blog Post မှာတော့ Facebook ကနေ COVID-19 နဲ့ ပတ်သက်တဲ့အသိပေးချက်တွေနဲ့ သတိပေးချက်တွေကို Post သန်း ၄၀ ကျော်မှာဖော်ပြခဲ့ပြီး သတင်းမှာ ၄,၀၀၀ ကျော်ကိုလည်း မှားယွင်းကြောင်းဖော်ပြနိုင်ခဲ့တယ်လို့ သိရပါတယ်။

Ref – Engadget