Samsung ကနေ လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ Samsung Galaxy S9 နဲ့ S9+ စမတ်ဖုန်းတွေကို တရားဝင်ပြသသွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Samsung Galaxy S9+ ဆိုပြီး အတုမှန်းသိသာနေတဲ့ Hands-on Video တစ်ခုက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

အခု Samsung Galaxy S9+ ရဲ့ Hands-on Video က အတုမှန်းသိသာစေတာက Infinity Display ကို အသုံးပြုထားပေမယ့်လည်း အပေါ်နဲ့အောက်ပိုင်းက အရွယ်အစားမတူညီပဲနဲ့ ဘေးဘောင်တွေကလည်း သိသိသာသာကို ပိုထူနေတာဖြစ်ပါတယ်။ နောက်ပြီး Power Button ကလည်း လွဲမှားနေပါသေးတယ်။

နောက်ပြီး Software အရလည်း FM Radio ပါဝင်တာနဲ့ Galaxy Apps တွေမပါဝင်သလို S Planner ကလည်း Samsung Calendar App ဖြစ်နေပြီးတော့ Samsung Health လည်းပါဝင်ခြင်းမရှိပါဘူး။

အခုလိုမျိုး အစစ်ကိုတရားဝင်မကြေငြာခင် ကြိုတင်ထွက်ရှိလာတဲ့ Samsung Galaxy S9+ ရဲ့ Hand-on Video ကို တင်ဆက်ပေးလိုက်ပါတယ်။