Square Enix ဟာ Web 3 ဂိမ်းတွေကို ယုံကြည်ပြီး ဗီဒီယို ဂိမ်းတွေမှာ Cryptocurrency နဲ့ NFT တွေကို ထည့်သွင်းဖို့ ကြိုးစားနေပါတယ်။ အခုတော့ ကုမ္ပဏီက Final Fantasy 7 NFT တွေကို နောက်နှစ်မှာ ဖြန့်ချိမယ်လို့ ကြေညာလိုက်ပါတယ်။

FINAL FANTASY VII REMAKE INTERGRADE | Download and Buy Today - Epic Games Store

Square Enix ရဲ့ NFT တွေဟာ သမားရိုးကျ NFT တွေနဲ့ ကွဲပြားမှာပါ။ လက်ရှိ Trend က အနုပညာရှင်တွေနဲ့ ကုမ္ပဏီတွေဟာ NFT Artwork ၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ ဖြန့်ချိနေကြပြီး အဲဒီ NFT တွေကို လူမှုကွန်ရက်တွေမှာ ပရိုဖိုင် ဓါတ်ပုံ အဖြစ် အသုံးပြုနိုင်ပါတယ်။

final fantasy 7 remake ps now OFF 68% |

Square Enix က ဒီလမ်းကြောင်းကို သွားမှာ မဟုတ်ဘဲ NFT တွေကို Physical ကုန်ပစ္စည်းတွေနဲ့ တွဲဖက်ထားမှာပါ။ Final Fantasy 7 ရဲ့ ၂၅ နှစ်သက်တမ်းကို အောင်ပွဲခံတဲ့ အနေနဲ့ ကုမ္ပဏီဟာ နောက်နှစ်မှာ NFT တွေကို ကုန်ပစ္စည်းတွေနဲ့ တွဲဖက်ကာ ရောင်းချမှာပါ။ ကုန်ပစ္စည်းတွေ ဝယ်ယူသူတွေဟာ Virtual Version ဖြစ်တဲ့ NFT ကို ရရှိမှာပါ။ ဥပမာ အနေနဲ့ ဒေါ်လာ ၁၆၀ တန် Digital Plus Edition ကို ဝယ်သူတွေဟာ NFT Version ကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

Square Enix ရဲ့ NFT တွေကို သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ပိုဖြစ်တဲ့ Polkadot Blockchain မှာ တည်ဆောက်ထားမှာ ဖြစ်ပါတယ်။

Blockchain ဂိမ်းတွေဟာ လက်ရှိမှာတောင် ဝင်ငွေများစွာကို ဖန်တီးပေးနေပါတယ်။ Yuga Labs ဟာ ဧပြီလမှာ နောက်ထွက်မယ့် Metaverse ဂိမ်းက မြေကို ဒေါ်လာ သန်း ၃၂၀ နဲ့ ၃ နာရီအတွင်း ရောင်းချနိုင်ခဲ့ပါတယ်။

Ref : cnet