OnePlus 11 ရဲ့ ဓါတ်ပုံတွေ ဒီတစ်ပတ် အစောပိုင်းက ပေါက်ကြားလာခဲ့ပြီး စက်ဝိုင်းပုံသဏ္ဍာန် ကင်မရာ Island ကို မြင်ရပါတယ်။ ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံးကို လေးထောင့်ပုံသဏ္ဍာန် ထည့်သွင်းထားပါတယ်။ အခုတော့ ပထမဆုံး Live ဓါတ်ပုံ ပေါက်ကြားလာပြီး အနောက်နဲ့ အရှေ့ ကင်မရာတွေကို အနီးကပ်ရိုက်ပြထားပါတယ်။

First live photo of OnePlus 11 reveals camera details

OnePlus ဟာ Telephoto အစား Periscope Lens ကို မသုံးထားသေးဘဲ အရှေ့ဘက် မျက်နှာပြင်ရဲ့ ဘေးဘက်တွေက ကွေးညွှတ်ပါတယ်။ ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။

First live photo of OnePlus 11 reveals camera details

OnePlus 11 ရဲ့ ပင်မ ကင်မရာကို အောက်ခြေ ဘယ်ဘက်နဲ့ ပိုကြီးတဲ့ Lens ပါတဲ့ Ultrawide Angle ကင်မရာကို အထက် ဘယ်ဘက်မှာ တပ်ဆင်ထားပါတယ်။ အထက် ညာဘက်မှာ Focal Point သေးငယ်တဲ့ ကင်မရာ ၁ လုံးကို မြင်ရတဲ့အတွက် 2MP Macro ကင်မရာ ဖြစ်နိုင်ပါတယ်။

ပေါက်ကြားသတင်းတွေအရ OnePlus 10T မှာ မပါလာတော့တဲ့  Alert Slider ပြန်ပါလာမှာ ဖြစ်ပါတယ်။ OnePlus 11 မှာ Snapdragon 8 Gen 2 Chipset နဲ့ QHD+ မျက်နှာပြင် တပ်ဆင်ထားနိုင်ပါတယ်။ ကုမ္ပဏီက စွမ်းရည်မြင့် စမတ်ဖုန်းတွေအတွက် Pro မော်ဒယ်ကို မရောင်းတော့တဲ့အတွက် OnePlus 11 ဟာ ၁ လုံးထဲသော စွမ်းရည်မြင့် ဖုန်း ဖြစ်လာမှာပါ။

Ref : gsmarena