[Zawgyi]

Xiaomi က ၿပီးခဲ့တဲ့ ၁ ပတ္ကပဲ 64MP Camera ပါတဲ့ Redmi Note 8 Pro ကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ ပထမ အသုတ္မွာတင္ပဲ ကုမၸဏီရဲ႕ ေရာင္းအား စံခ်ိန္ကို ခ်ိဳးသြားၿပီး ပထမရက္မွာတင္ အလံုးေရ ၃၀၀,၀၀၀ ေက်ာ္ ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ အရင္မ်ိဳးဆက္ Redmi Note 7 ဟာ ပထမရက္မွာ အလံုးေရ ၁၀၀,၀၀၀ သာ ေရာင္းခ်ႏုိင္ခဲ့ပါတယ္။

Redmi Note 8 Pro ဟာ အလန္းစား ဖုန္း ၁ လံုးျဖစ္ၿပီး ကင္မရာကလည္း မိုက္ပါတယ္။ Octa-core CPU ပါတဲ့ Helio G90T Chipset ေမာင္းႏွင္ထားပါတယ္။ 18W Fast Charging ပါတဲ့ 4,500mAh Battery ထည့္သြင္းထားပါတယ္။ ယြမ္ ၁,၃၉၉ သတ္မွတ္ထားၿပီး ေဒၚလာ ၂၀၀ ေလာက္ပဲ ရွိပါတယ္။ ျမန္မာေငြ ၃၀၀,၀၀၀ ေလာက္သာ က်သင့္မွာ ျဖစ္ပါတယ္။

Redmi က 48MP Camera ပါတဲ့ Note 8 ကိုလည္း ထုတ္လုပ္ေရာင္းခ်ထားၿပီး Qualcomm Snapdragon 665 Chipset နဲ႔ 18W Fast Charging ပါပါတယ္။ ယြမ္ ၉၉၉ သတ္မွတ္ထားၿပီး ေဒၚလာ ၁၄၀ ေလာက္ပဲ ရွိပါတယ္။ ျမန္မာေငြ ၂၁၀,၀၀၀ ေလာက္ က်သင့္ႏုိင္ပါတယ္။

အဲဒီ စမတ္ဖုန္း ၂ လံုးကို တရုတ္မွာ ေရာင္းခ်ေပးေနပါတယ္။ Xiaomi India ရဲ႕ ဒါရိုက္တာ Manu Kumar Jain က အိႏၵိယမွာ Pro Model ကို ေၾကညာခဲ့တာ ျဖစ္ၿပီး အျခား ႏိုင္ငံေတြမွာ မိတ္ဆက္အၿပီး အနည္းဆံုး ၈ ပတ္ေလာက္ၾကာမွ ေရာင္းခ်မွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

ပထမ အသုတ်မှာ အလုံးရေ ၃၀၀,၀၀၀ ကျော်ရောင်းချနိုင်ခဲ့တဲ့ Redmi Note 8 Pro

Xiaomi က ပြီးခဲ့တဲ့ ၁ ပတ်ကပဲ 64MP Camera ပါတဲ့ Redmi Note 8 Pro ကို ကြေညာခဲ့ပါတယ်။ အခုတော့ ပထမ အသုတ်မှာတင်ပဲ ကုမ္ပဏီရဲ့ ရောင်းအား စံချိန်ကို ချိုးသွားပြီး ပထမရက်မှာတင် အလုံးရေ ၃၀၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ အရင်မျိုးဆက် Redmi Note 7 ဟာ ပထမရက်မှာ အလုံးရေ ၁၀၀,၀၀၀ သာ ရောင်းချနိုင်ခဲ့ပါတယ်။

Redmi Note 8 Pro ဟာ အလန်းစား ဖုန်း ၁ လုံးဖြစ်ပြီး ကင်မရာကလည်း မိုက်ပါတယ်။ Octa-core CPU ပါတဲ့ Helio G90T Chipset မောင်းနှင်ထားပါတယ်။ 18W Fast Charging ပါတဲ့ 4,500mAh Battery ထည့်သွင်းထားပါတယ်။ ယွမ် ၁,၃၉၉ သတ်မှတ်ထားပြီး ဒေါ်လာ ၂၀၀ လောက်ပဲ ရှိပါတယ်။ မြန်မာငွေ ၃၀၀,၀၀၀ လောက်သာ ကျသင့်မှာ ဖြစ်ပါတယ်။

Redmi က 48MP Camera ပါတဲ့ Note 8 ကိုလည်း ထုတ်လုပ်ရောင်းချထားပြီး Qualcomm Snapdragon 665 Chipset နဲ့ 18W Fast Charging ပါပါတယ်။ ယွမ် ၉၉၉ သတ်မှတ်ထားပြီး ဒေါ်လာ ၁၄၀ လောက်ပဲ ရှိပါတယ်။ မြန်မာငွေ ၂၁၀,၀၀၀ လောက် ကျသင့်နိုင်ပါတယ်။

အဲဒီ စမတ်ဖုန်း ၂ လုံးကို တရုတ်မှာ ရောင်းချပေးနေပါတယ်။ Xiaomi India ရဲ့ ဒါရိုက်တာ Manu Kumar Jain က အိန္ဒိယမှာ Pro Model ကို ကြေညာခဲ့တာ ဖြစ်ပြီး အခြား နိုင်ငံတွေမှာ မိတ်ဆက်အပြီး အနည်းဆုံး ၈ ပတ်လောက်ကြာမှ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena