Epic Games ဟာ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက Fortnite ဂိမ်းအတွက် Season အသစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Season အသစ်နဲ့အတူ ၂ ပါတ်တာ ကာလအတွင်း ရရှိသမမျှဝင်ငွေတွေကို ယူကရိန်းနိုင်ငံကို ကူညီထောက်ပံ့သွားမယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဆိုပါ အချိန်ကာလ ၂ ပါတ်မပြည့်သေးသလို အချိန် တစ်ရက်တာကာလအတွင်းမှာတင် Fornite ကနေ ယူကရိန်းနိုင်ငံကို ထောက်ပံ့ဖို့အတွက် ဒေါ်လာ ၃၆ သန်းခန့် ရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါသတင်းကို Developer ဖြစ်တဲ့ Epic Games ကနေ တရားဝင်ပြောကြားခဲ့တာဖြစ်တာကြောင့် တကယ်ကို တစ်ရက်အတွင်းမှာတင် ဝင်ငွေအများအပြားရရှိခဲ့တာဖြစ်ပါတယ်။

Epic Games ကနေ အခုလိုမျိုးရရှိတဲ့ဝင်ငွေတွေကို လူသားချင်းကူညီပေးတဲ့ အဖွဲ့အစည်းတွေအမြောက်အများကို ပေးအပ်သွားမှာဖြစ်ပြီး အဆိုပါ အဖွဲ့အစည်းတွေထဲမှာ Direct Relief ၊ the United Nations High Commissioner for Refugees ၊ United Nations Children’s Fund နဲ့ World Food Programme တွေပါဝင်တယ်လို့ သိရပါတယ်။ Epic Game ရဲ့ ပြောကြားချက်အရတော့ Xbox ကလည်း ကိုယ်ပိုင်လှူဒါန်းမှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

Fortnite ဟာ Free-to-Play ဂိမ်းတစ်ခုဖြစ်ပေမယ့် ဆော့ကစားသူတွေအနေနဲ့ In-game Skin တွေ၊ Battlepass တွေကို ဝယ်ယူနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ဝင်ငွေအနေနဲ့ အခုလိုမျိုး များပြားတဲ့ပမာဏကို ရရှိခဲ့တာဖြစ်ပါတယ်။ Epic Games ရဲ့ ယခု Campaign ဟာ လာမယ့် ဧပြီလ ၃ ရက်နေ့အထိ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Ref – The Verge