Samsung ဟာ Galaxy A စီးရီး အပါအဝင် သူ့ရဲ့ Device အတော်များများကို အဓိက Android updates အတွက် သုံးနှစ်နဲ့ Security update ကို လေးနှစ်ကြာထောက်ပံ့ပေးမယ်လို့ ကတိပေးထားတာ ဖြစ်ပါတယ်။ ဒါတွေက လစဉ် Security update တွေကိုဆိုလိုတာတော့ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ရက်ပိုင်းကထွက်ပေါ်ထားတဲ့သတင်းမှာတော့ Samsung ဟာ လက်တစ်ဆုပ်စာမော်ဒယ်တွေတွေကို အဓိက OS Update ၄ ကြိမ်အထိ တိုးမြှင့်ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် Security patches တွေကိုလည်း ၅ နှစ်အထိ တိုးမြှင့် ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း Samsung ရဲ့ ကိုယ်ပိုင် Updates ဝက်ဘ်ဆိုက်အရ Galaxy A51 ဟာ အခုအချိန်ကစပြီး တစ်နှစ်မှာ နှစ်ကြိမ်သာ Update ထောက်ပံ့မှုကို ရရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဖုန်းဟာ သက်တမ်း ၂ နှစ်ကျော်သာရှိသေးတာဖြစ်သလို၊ အခုအချိန်အထိလည်း ကတိပြုထားတဲ့ အဓိက Android OS အဆင့်မြှင့်တင်မှု သုံးခုမှာ တစ်ခုသာ ရရှိသေးတာလည်း ဖြစ်ပါတယ်။

Galaxy A51 ဟာ ကုမ္ပဏီရဲ့ ရောင်းအားအကောင်းဆုံး Devices တွေထဲက တစ်ခုလည်းဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ရှုပ်ထွေးစရာကောင်းတာက ရောင်းအားအကောင်းဆုံးမဟုတ်တဲ့ Galaxy A51 5G ကတော့ Security updates တွေကို သုံးလတစ်ကြိမ် ရရှိမယ်ဆိုတာပါပဲ။ ဒါဟာ သူ့ထက်ပိုရေပန်းစားတဲ့ မွေးချင်းတွေထက် တစ်နှစ်အတွင်း Update ရရှိမှုက နှစ်ဆပိုပြီး များနေမှာ ဖြစ်ပါတယ်။

Galaxy A51 ဆီ Android 12 နဲ့ Android 13 ယူဆောင်လာပေးမဲ့ အစီအစဉ်တွေကတော့ ကံကောင်းထောက်မစွာနဲ့ပဲ ပြောင်းလဲမသွားဘူးလို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena