Samsung ကနေ လာမယ့် ၂၀၂၂ ခုနှစ်မှာ Flagship ဖုန်းသစ်တွေဖြစ်တဲ့ Galaxy S22 Series ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Galaxy S22 Series ဖုန်းတွေထဲမှာ Galaxy S22 Ultra ဖုန်းဟာ အဆင့်မြှင့်တင်မှုအများအပြားရှိလာမယ်ဆိုပြီး သတင်းထွက်ပေါ်နေတာဖြစ်ပါတယ်။

အခုလည်း Samsung Galaxy S22 Ultra ဖုန်းနဲ့ ပတ်သက်ပြီး သတင်းတွေထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါ သတင်းကို Samsung နဲ့ ပတ်သက်ပြီး အမြဲတမ်းသတင်းတွေဖော်ပြနေတတ်တဲ့ Ice Universe ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါကတော့ Samsung Galaxy S22 Ultra မှာ ပါဝင်လာမယ့် 108MP Primary Camera Sensor ဟာ ပြီးခဲ့တဲ့ Galaxy S21 Ultra မှာပါဝင်တဲ့ Camera Sensor ကိုပဲ ပြန်လည်အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Image Quality ပိုင်းမှာတော့ ယခင်ထက် ပိုပြီး သိသိသာသာကောင်းလာမယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး Quality ပိုင်းမှာ ပိုကောင်းလာတာက Camera Sensor ကြောင့်ထက် Samsung Galaxy S22 Ultra ဖုန်းမှာပါဝင်တဲ့ Image Processing က ပိုပြီးကောင်းလာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် Samsung ရဲ့ ကိုယ်ပိုင် Exynos 2200 Chipset နဲ့ Qualcomm Snapdragon 8 Gen1 Chipset တွေက Image Processing ပိုင်းမှာ ယခင်ထက်ပိုကောင်းလာတယ်လို့ ပြောနိုင်နေပါပြီ။

ဘာပဲဖြစ်ဖြစ် Samsung Galaxy S22 Ultra အပါအဝင် S22 Series ဖုန်းတွေကို လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

Ref – GSM Arena