Samsung ဟာ Security update နဲ့ပတ်သက်လာရင် အလေးထားပြီး လုပ်ဆောင်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ သုံးစွဲသူတွေအတွက် လေးနှစ်ကနေ ငါးနှစ်အထိ ကြည့်ရှုပေးနေတာကိုတော့ ချီးကျူးရမှာဖြစ်ပါတယ်။ ဒါကြောင့် စတင်ဖြန့်ချိပြီး သက်တမ်း ၄ နှစ်ကနေ ၅ နှစ်အထိရှိနေတဲ့ Device အချို့ဟာ နောက်ဆုံးထွက် Security patch တွေ ရရှိနေတာ ဖြစ်ပါတယ်။

Samsung Galaxy S9 ဟာ ၄ နှစ်သက်တမ်းရှိပြီ ဖြစ်ပါတယ်။ Samsung Galaxy S9+ လည်း အလားတူသက်တမ်းပဲဖြစ်ပြီး အခုတော့ ဒီ မော်ဒယ်နှစ်မျိုးစလုံးဟာ 2022 March security update ကို လက်ခံရရှိနေပါပြီ။ တကယ်တော့ ဒီ Galaxy S9 နှစ်မျိုးစလုံးဟာ မကြာသေးခင်ကမှဖြန့်ချိထားတဲ့ဖုန်းတွေထက်တောင် စောပြီးတော့ Security update ရရှိနေတာ ဖြစ်ပါတယ်။

Galaxy S9 နဲ့ Galaxy S9+ အတွက် နောက်ဆုံးထွက် Software update ဟာ Firmware version G96Xfxxufvb4 ဖြစ်ပါတယ်။ အဆိုပါ Update ကို အခုအချိန်မှာ ဂျာမနီနိုင်ငံအတွင်း စတင်အသုံးပြုနေနိုင်ပြီလို့ သိရပါတယ်။ ဒါကြောင့် မကြာခင်အချိန်အတွင်း ဥရောပနဲ့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အားလုံးဆီ တိုးချဲ့လာမယ်လို့ မျှော်လင့်ရပါတယ်။

Update အသစ်မှာ အားနည်းချက်ပေါင်း ၅၀ ကျော်ကို ပြင်ဆင်ထားတဲ့ March 2022 security patch ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ချွတ်ယွင်းချက်ပြင်ဆင်မှုတွေနဲ့ တည်ငြိမ်မှုမြှင့်တင်ခြင်းတွေလည်း ပါဝင်လာနိုင်ပါတယ်။ ဂျာမနီက Galaxy S9 ဒါမှမဟုတ် Galaxy S9+ သုံးစွဲသူဆိုရင်တော့ Settings>> Software update ကိုသွားပြီး Download and install ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

Samsung ဟာ လွန်ခဲ့တဲ့လေးနှစ်တုန်းက Galaxy S9 စီးရီးကို Android 8.0 Oreo နဲ့ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ အစောပိုင်းမှာတော့ Android 9 Pie-based One UI update နဲ့ ၂၀၂၀ ပြည့်နှစ်မှာ Android 10 အခြေခံ One UI 2 update ကို ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

Ref: sammobile