Samsung Galaxy Tab S7 ကို လာမယ့် သြဂုတ်လ ၅ ရက်နေ့ Galaxy Unpacked event မှာ Note 20 စီးရီးနဲ့အတူ မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကပဲ Evan Blass ကဖော်ပြလိုက်တာကြောင့် Samsung Galaxy Tab S7 ရဲ့ Render ပုံတွေပေါက်ကြားထွက်ပေါ်လာခဲ့ပြီး တက်ဘလက်နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကိုလည်း သိခဲ့ရပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်မြင့် တက်ဘလက်နဲ့ Galaxy Watch 3 ကို ဇူလိုင်လ ၂၂ ရက်မှာ မိတ်ဆက်မယ့်အစား ဒီ Event မှာပါဝင်ဖွယ်ရှိတယ်ဆိုတဲ့အဓိပ္ပါယ်ရတဲ့ မှတ်ချက်တစ်ခုလည်း ရှိခဲ့ပါသေးတယ်။ ဒီတစ်ပတ်ပေါက်ကြားမှုမှာတော့ တက်ဘလက်မှာ In-display fingerprint sensor မပါဝင်ဘူးလို့ ဖော်ပြလာခဲ့ပြန်ပါတယ်။

တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ နှစ်စဉ်နှစ်တိုင်းလိုလို Flagship တက်ဘက်တစ်ခုကို ထုတ်လုပ်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ Galaxy Tab S7 နဲ့ Galaxy Tab S7 Plus ဆိုပြီး နှစ်မျိုးနှစ်စား ထုတ်လုပ်မိတ်ဆက်မှာ ဖြစ်ပါတယ်။ SamMobile ရဲ့အဆိုအရတော့ ဒီ တက်ဘလက်နှစ်ခုရဲ့ကွာခြားချက်က 11-inch နဲ့ 12.4-inch မျက်နှာပြင် အသီးသီး ရှိကြတဲ့အချက်လို့ သိရပါတယ်။

ဒါပေမယ့် သေးငယ်တဲ့တက်ဘလက်ဖြစ်တဲ့ Galaxy Tab S7 မှာတော့ In-display fingerprint sensor ပါဝင်မှာမဟုတ်ဘဲ အဲဒီအစား Power key ထဲမှာပဲ လက်ဗွေဖတ်စနစ် ထည့်သွင်းပေးထားမယ်လို့ ဆိုပါတယ်။ နောက်ထပ် ကွာခြားချက်က ဘက်ထရီ ဖြစ်ပါတယ်။ Plus အမျိုးအစားကတော့ 10,090mAh ပမာဏ ဘက်ထရီတပ်ဆင်ပေးထားမှာဖြစ်ပြီး Tab S7 ကတော့ 7,700-7,800mAh ပမာဏပဲ တပ်ဆင်ပေးထားမယ်လို့ ဆိုပါတယ်။

Ref: GSM Arena