Samsung ဟာ သူ့ရဲ့ မျိုးဆက်သစ် Foldable တွေဖြစ်တဲ့ Galaxy Z Fold4 နဲ့ Galaxy Z Flip4 တို့ကို လာမဲ့ သြဂုတ်လ ၁၀ ရက်နေ့မှာ ကြေညာဖွယ်ရှိပါတယ်။ ဒီ Foldable ဖုန်းသစ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အတော်များများကလည်း ထွက်ပေါ်ပြီးသား ဖြစ်နေပါပြီ။

အခုတော့ Galaxy Z Flip4 ရဲ့ ပကတိ ပြင်ပရုပ်ပုံကိုပါ တွေ့မြင်လာရတာပါ။ ပြင်ပတိုက်ရိုက်ပုံရိပ်မှာ မြင်တွေ့ရသလောက်ကတော့ Galaxy Z Flip4 ဟာ ဒီဇိုင်းပိုင်းမှာ ကြီးကြီးမားမားပြောင်းလဲသွားတာမျိုး မတွေ့ရပါဘူး။ ကနဦး ပေါ်ထွက်ထားတဲ့ Renders ရုပ်ပုံတွေနဲ့ ထပ်တူနီးပါးဖြစ်တာကို တွေ့နိုင်ပါတယ်။

Galaxy Z Flip4 ဟာ သူ့ရှေ့ကမျိုးဆက်ဖြစ်တဲ့ Galaxy Z Flip3 နဲ့ အတော်လေး ဆင်တူပေမဲ့ ထင်ရှားပေါ်လွင်တဲ့ ပြောင်းလဲမှုအနည်းငယ်ကိုတော့ ယူဆောင်လာတာလည်း ဖြစ်ပါတယ်။ Z Flip4 ဟာ Snapdragon 8+ Gen 1 မောင်းနှင်မှာဖြစ်ပြီး 8GB of RAM နဲ့အတူ 128GB/256GB ပမာဏ သိုလှောင်မှုကို ထောက်ပံ့ထားမယ်လို့ သိရပါတယ်။ မကြာသေးခင်က ထွက်ထားတဲ့သတင်းအရ 512GB Storage လည်း တွေ့မြင်ရဖွယ်ရှိနေတာပါ။

ဘက်ထရီပိုင်းမှာတော့ Galaxy Z Flip4 ဟာ 3,700mAh ပမာဏကို တပ်ဆင်ထားပြီး 25W ကြိုးတပ်အားသွင်းစနစ်နဲ့ 10W ကြိုးမဲ့အားသွင်းစနစ်တွေ ထောက်ပံ့မယ်လို့ သတင်းထွက်ထားပါတယ်။ 6.7-inch FullHD+ 120 AMOLED မျက်နှာပြင်တပ်ဆင်ထားပြီး Punch-hole မှာ 10MP selfie ကင်မရာ ထည့်သွင်းပေးထားပါတယ်။ ကျောဘက်မှာတော့ 12MP အဓိကကင်မရာနဲ့ 12MP ultrawide ကင်မရာကို တွဲဖက်တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။

Ref: sammobile