Foldable ဖုန်းအကြောင်းပြောရင် Samsung ဟာ ထိပ်ဆုံးကနေပြောရမဲ့ အမှတ်တံဆိပ်တစ်ခုလိုပါပဲ။ Galaxy Z Flip နဲ့ Z Fold စီးရီးတွေဟာ အလွန်ရေပန်းစားလာတဲ့အတွက် ၂၀၂၁ မှာ Samsung ဟာ Foldable ဖုန်းတွေရဲ့ ဘုရင်လို့ သတ်မှတ်ရလောက်တဲ့ အနေအထား ဖြစ်လာပါတော့တယ်။

အနာဂတ်မှာလည်း Samsung ဟာ မျိုးဆက်သစ် Galaxy Z Fold device ဖြစ်တဲ့ Galaxy Z Fold 4 ကို မိတ်ဆက်သွားဦးမယ်လို့ ယုံကြည်ရပါတယ်။ အခုတော့ Galaxy Z Fold 4 ရဲ့ Concept ဒီဇိုင်းလည်း ထွက်ပေါ်လာတာကို တွေ့ရပါတယ်။ ဒီ Concept ဒီဇိုင်းဟာ အမှန်တကယ်ထွက်ပေါ်လာမဲ့ Device ရဲ့ ပုံစံနဲ့တူညီနိုင်တယ်လို့ sammobile က ညွှန်းဆိုထားတာကိုလည်း တွေ့ရပါတယ်။

Galaxy Z Fold 4 concept ဒီဇိုင်းဟာ နာမည်ကြီး စမတ်ဖုန်း Concept ဒီဇိုင်နာ Waqar Khan ရဲ့ ဗီဒီယိုထဲမှာ တွေ့မြင်ရတာပါ။ ဒါကြောင့် နောက်ဆုံး Final ဒီဇိုင်းနဲ့ အတော်လေးကို နီးစပ်မယ်လို့ ယုံကြည်ရတာလည်း ဖြစ်ပါတယ်။ Samsung ရဲ့ Foldable စမတ်ဖုန်း ထုတ်လုပ်မှု၊ မိတ်ဆက်မှုစက်ဝိုင်းကိုကြည့်မယ်ဆိုရင် Galaxy Z Fold 4 ကို ဒီနှစ်ရဲ့ တတိယသုံးလပတ်မှာ မြင်တွေ့ရမယ်လို့ ခန့်မှန်းရပါတယ်။

ဗီဒီယိုထဲမှာမြင်တွေ့ရတာက Galaxy Z Fold 4 ရဲ့ Concept ဒီဇိုင်းဖြစ်တာကိုတော့ မေ့ထားလို့မရပါဘူး။ ဒါ့အပြင် ဒီဇိုင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ အများကြီးလည်း မရနိုင်တာကြောင့် ပြောစရာစကားလည်း သိပ်ပြီးမရှိဘဲ ဖြစ်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗီဒီယိုကတစ်ဆင့် Galaxy Z Fold 4 ရဲ့ ဒီဇိုင်းကိုတော့ အနီးစပ်ဆုံး ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။

Concept ဗီဒီယိုအရ Galaxy Z Fold 4 ဟာ Galaxy S22 စီးရီးဒီဇိုင်းကို အခြေခံထားတယ်လို့ ထင်မြင်ရပါတယ်။ ပြီးခဲ့တဲ့နှစ် Galaxy Z Fold 3 လိုပဲ မျက်နှာပြင်အောက်မှာ ကင်မရာကို မြှုပ်ထားပါတယ်။ ပတ်လည်ဘေးဘောင်တွေလည်း မထူဘူးလို့ ယူဆရပါတယ်။ ကျောဘက်ကင်မရာ Module ပြောင်းလဲမှုကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Fingerprint scanner က ဘေးဘက်မှာ ရှိနေပြီး ကျောဘက်က အနည်းငယ်ကွေးတယ်လို့ ဆိုနိုင်ပါတယ်။ S-Pen အတွက်နေရာကိုလည်း မြင်တွေ့ရပြီး Galaxy S22 Ultra နဲ့ ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ Samsung ဟာ Galaxy Z Fold 4 မှာ S-Pen ထည့်သွင်းလာမယ်ဆိုတာနဲ့ပတ်သက်ပြီး အတည်ပြုချက်မရှိသေးပါဘူး။

Ref: sammobile