[Zawgyi]

Asus ကေတာ့ သူ႔ရဲ႕ Zenfone Max Pro M2 ေတြကို လာမယ့္ ဒီဇင္ဘာ ၁၁ရက္ေန႔ အင္ဒိုနီးရွားမွာ က်င္းပမယ့္ပြဲမွာ မိတ္ဆက္သြားမယ္လို႔ ဒီေန႔ပဲ အတည္ျပဳေပးလုိက္ပါျပီ။ Zenfone Max Pro M1 ေတြတုန္းကလည္း User ေတြ ေတာ္ေတာ္သေဘာေတြ႔ခဲ့ၾကတာေၾကာင့္ သူ႔ရဲ႕ ေနာက္ဆက္တြဲ Max Pro M2 အတြက္လည္း ေတာ္ေတာ္ေလးေမွ်ာ္လင့္မိပါတယ္။

Max Pro M1 တုန္းက အိႏိၵယမွာ ပထမဆံုးမိတ္ဆက္ခဲ့တာျဖစ္ျပီး ဒီတစ္ေခါက္ M2 ေတြကေတာ့ အင္ဒိုနီးရွားမွာ မိတ္ဆက္သြားမွာျဖစ္ပါတယ္။ ေနာက္ျပီး ပိုစိတ္ဝင္စားဖို႔ေကာင္းတာက Zenfone Max Pro M2 က Gaming Smartphone အျဖစ္ထြက္လာမယ္လို႔ ေၾကညာလိုက္တဲ့ကိစၥပါ။

ဒါေပမယ့္ တကယ့္ ROG Gaming Phone လိုမ်ဳိး Feature ေတြေတာ့မဟုတ္ဘဲ Honor Play ေတြမွာလို Software Feature ေတြနဲ႔ ေထာက္ပံ့ေပးမယ့္ Gaming Phone တစ္လံုးပါ။ ၾကားမိသေလာက္ 6.3-inch LCD Display ကို Full HD Resolution, RAM 4GB, Storage ကေတာ့ 64GB ,128GB အျပင္ RAM6GB/ Storage 128GB နဲ႔လည္း လာမယ္လို႔ေတာ့ ေမွ်ာ္လင့္ထားပါတယ္။

သံုးထားမယ့္ Chipset ကေတာ့ Qualcomm ရဲ႕ Snapdragon 660 ဆိုေတာ့ လက္ရိွ M1 ေတြမွာ သံုးထားတဲ့ SD636 Chipset ေတြထက္ေတာ့ Graphic ေတြ ပိုေကာင္းလာမွာပါ။

ကင္မရာပိုင္းအေနနဲ႔ကေတာ့ ေက်ာဘက္မွာ ကင္မရာ ၃လံုးနဲ႔ထြက္လာဖို႔ရိွျပီး Software အေနနဲ႔ကေတာ့ ေနာက္ဆံုးထြက္ Android 9 Pie နဲ႔ ပြဲထြက္လာမယ္လို႔ သိရပါတယ္။ ေနာက္လ မိတ္ဆက္ပြဲက်ရင္ေတာ့ စိတ္ဝင္စားစရာ သတင္းအျပည့္အစံုနဲ႔အတူ ျပန္ေတြ႔ၾကရေအာင္…

[Unicode]

Asus ကတော့ သူ့ရဲ့ Zenfone Max Pro M2 တွေကို လာမယ့် ဒီဇင်ဘာ ၁၁ရက်နေ့ အင်ဒိုနီးရှားမှာ ကျင်းပမယ့်ပွဲမှာ မိတ်ဆက်သွားမယ်လို့ ဒီနေ့ပဲ အတည်ပြုပေးလိုက်ပါပြီ။ Zenfone Max Pro M1 တွေတုန်းကလည်း User တွေ တော်တော်သဘောတွေ့ခဲ့ကြတာကြောင့် သူ့ရဲ့ နောက်ဆက်တွဲ Max Pro M2 အတွက်လည်း တော်တော်လေးမျှော်လင့်မိပါတယ်။

Max Pro M1 တုန်းက အိန္ဒိယမှာ ပထမဆုံးမိတ်ဆက်ခဲ့တာဖြစ်ပြီး ဒီတစ်ခေါက် M2 တွေကတော့ အင်ဒိုနီးရှားမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ နောက်ပြီး ပိုစိတ်ဝင်စားဖို့ကောင်းတာက Zenfone Max Pro M2 က Gaming Smartphone အဖြစ်ထွက်လာမယ်လို့ ကြေညာလိုက်တဲ့ကိစ္စပါ။

ဒါပေမယ့် တကယ့် ROG Gaming Phone လိုမျိုး Feature တွေတော့မဟုတ်ဘဲ Honor Play တွေမှာလို Software Feature တွေနဲ့ ထောက်ပံ့ပေးမယ့် Gaming Phone တစ်လုံးပါ။ ကြားမိသလောက် 6.3-inch LCD Display ကို Full HD Resolution, RAM 4GB, Storage ကတော့ 64GB ,128GB အပြင် RAM6GB/ Storage 128GB နဲ့လည်း လာမယ်လို့တော့ မျှော်လင့်ထားပါတယ်။

သုံးထားမယ့် Chipset ကတော့ Qualcomm ရဲ့ Snapdragon 660 ဆိုတော့ လက်ရှိ M1 တွေမှာ သုံးထားတဲ့ SD636 Chipset တွေထက်တော့ Graphic တွေ ပိုကောင်းလာမှာပါ။

ကင်မရာပိုင်းအနေနဲ့ကတော့ ကျောဘက်မှာ ကင်မရာ ၃လုံးနဲ့ထွက်လာဖို့ရှိပြီး Software အနေနဲ့ကတော့ နောက်ဆုံးထွက် Android 9 Pie နဲ့ ပွဲထွက်လာမယ်လို့ သိရပါတယ်။ နောက်လ မိတ်ဆက်ပွဲကျရင်တော့ စိတ်ဝင်စားစရာ သတင်းအပြည့်အစုံနဲ့အတူ ပြန်တွေ့ကြရအောင်…