လက်ရှိအချိန်မှာ Social Media App အများအပြားက 2-Factor Authentication ကို Support ပြုလုပ်နေပြီဖြစ်သလို ကိုယ့်ရဲ့ Account လုံခြုံရေးအတွက် ပြုလုပ်ထားသင့်တယ်ဆိုလည်း မမှားပါဘူး။ အခုလိုမျိုး 2FA ထားပြီး အသုံးပြုဖို့အတွက်ဆိုရင် Authenticator App ကောင်းကောင်းတစ်ခုကို လိုအပ်ပါတယ်။

ဒီလိုမျိုး 2FA App တွေထဲမှာ နာမည်ကြီးတဲ့ App တစ်ခုဖြစ်တဲ့ Google Authenticator App ဟာ အခုဆိုရင် Play Store မှာတင် Install ပြုလုပ်သူပေါင်း သန်း ၁၀၀ အထိ ရှိသွားပြီလို့ သိရပါတယ်။ ဒါကြောင့် Authenticator App တွေထဲမှာ Google Authenticator App က အအောင်မြင်ဆုံးလို့တောင် ပြောနိုင်ပါတယ်။

Google Authenticator App ဟာ 2FA Code တွေကို QR Code အနေနဲ့ ဖတ်ယူပြီး သိမ်းဆည်းထားနိုင်မှာဖြစ်ပြီး အသုံးပြုရတာလည်း အလွန်လွယ်ကူမှာဖြစ်ပါတယ်။ Google Account လည်း မလိုအပ်တာကြောင့် 2FA Code တွေကို Online မှာမသိမ်းဆည်းထားတဲ့အတွက် ပိုပြီး လုံခြုံစေမှာဖြစ်ပါတယ်။

ဒါကြောင့် 2FA Code တွေကို Device တစ်ခုကနေ တစ်ခုကို လွှဲပြောင်းချင်တယ်ဆိုရင် QR Code Scan ဖတ်ပြီး ထည့်သွင်းထားတဲ့ 2FA Account တွေကို လွှဲပြောင်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် 2FA App ကောင်းကောင်းတစ်ခုကို ရှာနေတယ်ဆိုရင် Google Authenticator ကို စမ်းသပ်အသုံးပြုကြည့်သင့်ပါတယ်။

Ref – Android Police