Google Chrome ဟာ လက်ရှိအချိန်မှာ လူတိုင်းအသုံးပြုမှုအများဆုံး Web Browser တစ်ခုဖြစ်ပါတယ်။ အခုဆိုရင် Chrome မှာ အသုံးဝင်တဲ့ Feature တွေအများအပြားပါဝင်နေပြီဖြစ်တာကြောင့် တခြားသော Extension တွေ၊ Software တွေ အသုံးပြုမှုကို လျော့ချနိုင်ပြီလို့တောင် ပြောနိုင်ပါတယ်။

ဒီလိုမျိုး Google Chrome ရဲ့ အသုံးဝင်တဲ့ Feature တွေထဲမှာ Password Manager လည်းပါဝင်ပြီး Google Account ဝင်လိုက်တာနဲ့ အလိုအလျောက် Save ပြုလုပ်ထားမှာဖြစ်ပါတယ်။ ဒါကြောင့် Google Chrome မှာ သိမ်းထားတဲ့ Password တွေကို သိရှိဖို့ဆိုရင် Google Account က အရေးပါတယ်လို့ ပြောနိုင်ပါတယ်။

အခုလည်း Google ကနေ အဆိုပါ Google Account ထဲမှာ သိမ်းဆည်းထားတဲ့ Password တွေကို Chrome Browser ကနေတစ်ဆင့်တခြားသူတွေကို မျှဝေပေးပို့နိုင်မယ့် Feature တစ်ခုကို စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။ ဒီလိုမျိုး Password တွေကို ပေးပို့ဖို့အတွက်ကတော့ Chrome ရဲ့ Settings – Passwords ကနေတစ်ဆင့် ကိုယ်မျှဝေချင်တဲ့ Password ကို ရွေးချယ်ပြီး “Send Password” ကနေတစ်ဆင့်ပေးပို့ရမှာဖြစ်ပါတယ်။

ဒီလိုမျိုး Google Account ဝင်ရောက်စရာမလိုဘဲနဲ့ ကိုယ်နှစ်သက်ရာ Password ကိုပဲ သီးသန့် မျှဝေပေးနိုင်တာက အသုံးပြုသူအချင်းချင်းမျှဝေသုံးစွဲနေတဲ့ Subscription Service တွေ၊ Login Information တွေကို မျှဝေချင်တဲ့အချိန်မှာ အသုံးဝင်မှာပါ။

Ref – Android Police