Google Chrome Browser ဟာ လက်ရှိအချိန်မှာ Web Version အပြင် Android မှာလည်း လူသုံးအများဆုံး Web Browser တစ်ခုဖြစ်ပါတယ်။ အခုလည်း Google ကနေ ၈ နှစ်အတွင်းမှာ ပထမဆုံးအနေနဲ့ Chrome ရဲ့ Icon ကို ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။

Google က ပြောင်းလဲလိုက်တဲ့ Chrome Browser Icon ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ထဲက အသုံးပြုခဲ့တဲ့ နောက်ဆုံး Icon နဲ့ ယှဥ်ရင် သိသိသာသာကွာခြားသွားတော့မှာမဟုတ်ပါဘူး။ အဲ့ဒီအစား အရောင်တွေက ပိုပြီး ထင်းထားပြီးတော့ Proportion တွေကိုပါ အနည်းငယ်မွမ်းမံခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ အခုအပြောင်းအလဲကို ရုတ်တရက်အနေနဲ့ ကြည့်မယ်ဆိုရင် သိနိုင်ဖို့တောင် ခဲယဥ်းမှာပါ။

ဒါတင်မဟုတ်သေးဘဲ ယခု Chrome Icon အသစ်ဟာ Windows 10 နဲ့ 11 အတွက် Color Grade ပြုလုပ်ထားတဲ့ ပုံစံဖြစ်မှာဖြစ်ပြီး macOS မှာတော့ 3D Style ပိုဖြစ်အောင် Colorful Ribbon တွေကို ထည့်သွင်းပေးထားပါတယ်။ ChromeOS မှာဆိုရင်တော့ တခြားသော Icon တွေနဲ့ တူညီအောင် Gradient မပါဝင်တဲ့ ပို Bright ဖြစ်တဲ့ အရောင်တွေကို အသုံးပြုထားပါတယ်။ ဒါကြောင့် OS ပေါ်မူတည်ပြီးလည်း ပြောင်းလဲနေမှာဖြစ်ပါတယ်။

Mobile Version အနေနဲ့ကတော့ Android မှာ Beta နဲ့ Dev Version တွေမှာ ပြောင်းလဲနေပြီဖြစ်ပြီး iOS Version အတွက်ကတော့ အခုမှ စတင်စမ်းသပ်နေတုန်းဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အခု Icon ပြောင်းလဲမှုဟာ လာမယ့် မတ်လကုန်ဝန်းကျင်မှာ ထွက်ရှိဖို့ရှိတဲ့ Chrome Version 100 နဲ့အတူ ထွက်ရှိလာနိုင်ပါတယ်။

Ref – 9to5Google