Google Lens ဟာ လက်ရှိအချိန်မှာ အကောင်းဆုံးသော Image Recognition Tool တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ အခုလည်း Google ကနေ Google Lens ကို Design ကြီးကြီးမားမားအပြောင်းအလဲတွေနဲ့ Update ထပ်မံပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။

အခု Update ဟာ Design ပိုင်းတင်မဟုတ်ဘဲ Feature ပိုင်းမှာလည်း ယခင်ကထက် ပိုပြီးအသုံးဝင်လာမှာပါ။ ဘာကြောင့်လဲဆိုရင် Camera ရိုက်ကူးလိုက်တဲ့ အရာဝတ္ထုတွေကိုပဲ Analyze ပြုလုပ်ရှာဖွေနိုင်မှာမဟုတ်ဘဲ ကိုယ့်ဖုန်းထဲမှာ Save ထားတဲ့ ဓါတ်ပုံတွေ၊ Screenshot တွေကိုမှာ ရှာဖွေနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Google Lens App ဟာ ဒီလိုမျိုး Support ပြုလုပ်လိုက်တာက ကိုယ့်ထဲမှာရှိတဲ့ဓါတ်ပုံတွေထဲက အရာဝတ္ထုတွေအကြောင်းသိရှိချင်တဲ့သူတွေအတွက် ပိုပြီး အဆင်ပြေစေမှာပါ။ အစောပိုင်းတုန်းက အခုလိုမျိုး Feature ကို အသုံးပြုဖို့အတွက် Google Photos App ကိုပဲ အသုံးပြုဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။ ဒါမှမဟုတ် Google Pixel လိုမျိုး Google Camera ပါဝင်တဲ့စမတ်ဖုန်းတွေမှာလည်း အသုံးပြုနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် အခု Google Lens Update ဟာ Server Side Update ဖြစ်တဲ့အတွက် ကိုယ့်ဆီမှာ Latest Google Lens Update ရှိတယ်ဆိုရင် မကြာခင်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Android Version အတွက်တင်မဟုတ်ဘဲ iOS Version အတွက်ပါ အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။

Ref – GSM Arena