Mobile Research Group ရဲ့ နာမည်ကျော် လေ့လာဆန်းစစ်သူ Eldar Murtazin က သူ့ရဲ့ Telegram Channel မှာ ပို့စ် ၁ ခု တင်ထားပြီး Google ဟာ ရုရှား စမတ်ဖုန်း ထုတ်လုပ်သူတွေအတွက် Android Operating System လိုင်စင်ကို မထုတ်ပေးတော့ဘူးလို့ သူက ပြောပါတယ်။ စိတ်ဝင်စားစရာကောင်းတာက Google ဟာ တခြား ကုမ္ပဏီတွေရဲ့ Android စမတ်ဖုန်းတွေကို ရုရှားမှာ မရောင်းချနိုင်အောင် ပိတ်ပင်မယ် ဆိုတာပါ။

Android updates

လက်ရှိမှာ Android စမတ်ဖုန်း ထုတ်လုပ်ရောင်းချနေတဲ့ ရုရှား ကုမ္ပဏီ များစွာ ရှိပေမယ့် အဲဒီ ကုမ္ပဏီက ထုတ်လုပ်တဲ့ Android စမတ်ဖုန်းတွေဟာ လူကြိုက်မများသလို ရောင်းအားလည်း မကောင်းပါဘူး။ Google ရဲ့ Android Software ပလက်ဖောင်းဟာ Open Source ဖြစ်ပြီး အခမဲ့ အသုံးပြုနိုင်ပါတယ်။ Google လုပ်နိုင်တာက Huawei လိုမျိုး Google Services ကို ရုရှား Device တွေအတွက် မထုတ်ပေးတော့ဘဲ ရပ်နားလိုက်တာ ဖြစ်ပါတယ်။

Android malware

Eldar Murtazin က Google Laboratories  ဟာ မတ်လ ၂၃ ရက်နေ့ကတည်းက ရုရှားက ကုမ္ပဏီတွေနဲ့ ဆွေးနွေးခဲ့ပြီး ရုရှား ဈေးကွက်မှာ Android GMS Version ပါတဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချခွင့်ကို ရပ်နားလိုက်တယ်လို့ ပြောပါတယ်။ တခြား နိုင်ငံက ကုမ္ပဏီတွေအတွက်တော့ အဲဒီ ကန့်သတ်ချက်တွေကို မပြုလုပ်ထားပါဘူး။ Eldar Murtazin က Google ဟာ ရုရှား ဈေးကွက်မှာ Android Device တွေ ရောင်းချတာကို ပိတ်ပင်လာနိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။

Ref : tellforceblog