Zawgyi

Huawei ကေန မၾကာခင္မွာ Mate 30 Series စမတ္ဖုန္းေတြကို မိတ္ဆက္သြားေတာ့မွာပါ။ အခုအခ်ိန္မွာေတာ့ US က Huawei ကို Ban ထားတာကေန ေနာက္ထပ္ ရက္ ၉၀ ေျဖေလ်ာ့ေပးထားတယ္ဆိုေပမယ့္ Google က Huawei အတြက္ သတင္းဆိုးတစ္ခုကို အတည္ျပဳေျပာၾကားလိုက္ပါၿပီ။

အခု Google ကေန အတည္ျပဳေပးခဲ့တာကေတာ့ လာမယ့္ စက္တင္ဘာလ ၁၈ ရက္ေန႔မွာ မိတ္ဆက္သြားဖို႔ သတင္းေတြထြက္ေနတဲ့ Huawei Mate 30 စမတ္ဖုန္းဟာ Android OS ကို ဆက္လက္အသုံးျပဳႏိုင္ဦးမွာေပမယ့္ Google Applications ေတြနဲ႔ Service ေတြကိုေတ့ာ အသုံးျပဳႏိုင္မွာ မဟုတ္ေတာ့ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါက တ႐ုတ္ႏိုင္ငံအျပင္ ဥေရာပမွာပါ မိတ္ဆက္ဖို႔ႀကိဳးစားေနတဲ့ Huawei Mate 30 ဖုန္းေတြအတြက္ေတာ့ တကယ့္အိမ္မက္ဆိုးတစ္ခုျဖစ္လာတာပါ။

Huawei ဟာ အေစာပိုင္းတုန္းက ေမလ ၁၆ ရက္ေန႔မတိုင္ခင္တုန္းက မိတ္ဆက္ထားတဲ့ စမတ္ဖုန္းေတြအတြက္ Google Apps နဲ႔ Service ေတြကို ဆက္လက္ Update ျပဳလုပ္ခြင့္ရရွိခဲ့ၿပီး လုံးဝ Ban တာကေန ပထမတစ္ႀကိမ္ ရက္ ၉၀ ခန္႔ ခဏဆိုင္းငံ့ထားခဲ့တာျဖစ္ပါတယ္။ မၾကာေသးခင္ကလည္း Huawei ကို ေနာက္ထပ္ ရက္ ၉၀ ခန္႔ ဆိုင္းငံ့ကာလကို တိုးေပးခဲ့ေပမယ့္ Huawei Mate 30 ဖုန္းေတြက ေမလ ၁၆ ရက္ေနာက္ပိုင္းမွာ မိတ္ဆက္တဲ့ဖုန္းေတြျဖစ္သြားတဲ့အတြက္ ဒီထပ္တိုးဆိုင္းငံ့ကာလမွာလည္း Google Apps နဲ႔ Service ေတြကို အသုံးမျပဳႏိုင္ေတာ့တာျဖစ္တယ္လို႔သိရပါတယ္။

ဒီလိုမ်ိဳး Google App ေတြကို မထည့္သြင္းႏိုင္ေတ့ာတဲ့အတြက္ Huawei အေနနဲ႔ Android OS ကို ဆက္လက္သုံးစြဲမယ္ဆိုရင္ေတာင္မွ Google Play Store ၊ Google Maps ၊ YouTube ၊ Gmail အပါအဝင္ လက္ရွိ Android ဖုန္းတစ္ခုမွာ မရွိမျဖစ္လိုအပ္တဲ့ App ေတာ္ေတာ္မ်ားမ်ားလည္း ပါဝင္ေတာ့မွာမဟုတ္ပါဘူး။ ဒီအခ်က္က Huawei Mate 30 Series ဖုန္းေတြရဲ႕ ၿပိဳင္ဘက္ေတြျဖစ္လာမယ့္ Samsung Galaxy Note 10 ၊ Google Pixel 4 နဲ႔ OnePlus လိုဖုန္းေတြနဲ႔ယွဥ္ရင္ အားနည္းခ်က္အႀကီးႀကီးျဖစ္လာတာပါ။

Huawei အေနနဲ႔ Android OS ကိုေတာ့ ဆက္လက္အသုံးျပဳခြင့္ရရွိထားတယ္ဆိုေပမယ့္ Google Apps နဲ႔ Service ကို သုံးလို႔မရေတာ့ဘူးဆိုေတာ့ ကိုယ္ပိုင္ HarmonyOS နဲ႔လည္း ေျပာင္းလဲထုတ္လာႏိုင္ပါတယ္။

Ref – The Verge

Unicode

Huawei ကနေ မကြာခင်မှာ Flagship စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Huawei Mate 30 Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားတော့မှာပါ။ အခုအချိန်မှာတော့ US ကနေ Huawei ကို Ban ထားတာကနေ နောက်ထပ် ရက် ၉၀ ဖြေလျော့ပေးထားတယ်ဆိုပေမယ့် Google က Huawei အတွက် သတင်းဆိုးတစ်ခုကို အတည်ပြုပြောကြားလိုက်ပါပြီ။

အခု Google ကနေ အတည်ပြုပေးခဲ့တာကတော့ လာမယ့် စက်တင်ဘာလ ၁၈ ရက်နေ့မှာ မိတ်ဆက်သွားဖို့ သတင်းတွေထွက်နေတဲ့ Huawei Mate 30 စမတ်ဖုန်းဟာ Android OS ကို ဆက်လက်အသုံးပြုနိုင်ဦးမှာပေမယ့် Google Applications တွေနဲ့ Service တွေကိုတေ့ာ အသုံးပြုနိုင်မှာ မဟုတ်တော့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါက တရုတ်နိုင်ငံအပြင် ဥရောပမှာပါ မိတ်ဆက်ဖို့ကြိုးစားနေတဲ့ Huawei Mate 30 ဖုန်းတွေအတွက်တော့ တကယ့်အိမ်မက်ဆိုးတစ်ခုဖြစ်လာတာပါ။

Huawei ဟာ အစောပိုင်းတုန်းက မေလ ၁၆ ရက်နေ့မတိုင်ခင်တုန်းက မိတ်ဆက်ထားတဲ့ စမတ်ဖုန်းတွေအတွက် Google Apps နဲ့ Service တွေကို ဆက်လက် Update ပြုလုပ်ခွင့်ရရှိခဲ့ပြီး လုံးဝ Ban တာကနေ ပထမတစ်ကြိမ် ရက် ၉၀ ခန့် ခဏဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း Huawei ကို နောက်ထပ် ရက် ၉၀ ခန့် ဆိုင်းငံ့ကာလကို တိုးပေးခဲ့ပေမယ့် Huawei Mate 30 ဖုန်းတွေက မေလ ၁၆ ရက်နောက်ပိုင်းမှာ မိတ်ဆက်တဲ့ဖုန်းတွေဖြစ်သွားတဲ့အတွက် ဒီထပ်တိုးဆိုင်းငံ့ကာလမှာလည်း Google Apps နဲ့ Service တွေကို အသုံးမပြုနိုင်တော့တာဖြစ်တယ်လို့သိရပါတယ်။

ဒီလိုမျိုး Google App တွေကို မထည့်သွင်းနိုင်တေ့ာတဲ့အတွက် Huawei အနေနဲ့ Android OS ကို ဆက်လက်သုံးစွဲမယ်ဆိုရင်တောင်မှ Google Play Store ၊ Google Maps ၊ YouTube ၊ Gmail အပါအဝင် လက်ရှိ Android ဖုန်းတစ်ခုမှာ မရှိမဖြစ်လိုအပ်တဲ့ App တော်တော်များများလည်း ပါဝင်တော့မှာမဟုတ်ပါဘူး။ ဒီအချက်က Huawei Mate 30 Series ဖုန်းတွေရဲ့ ပြိုင်ဘက်တွေဖြစ်လာမယ့် Samsung Galaxy Note 10 ၊ Google Pixel 4 နဲ့ OnePlus လိုဖုန်းတွေနဲ့ယှဥ်ရင် အားနည်းချက်အကြီးကြီးဖြစ်လာတာပါ။

Huawei အနေနဲ့ Android OS ကိုတော့ ဆက်လက်အသုံးပြုခွင့်ရရှိထားတယ်ဆိုပေမယ့် Google Apps နဲ့ Service ကို သုံးလို့မရတော့ဘူးဆိုတော့ ကိုယ်ပိုင် HarmonyOS နဲ့လည်း ပြောင်းလဲထုတ်လာနိုင်ပါတယ်။

Ref – The Verge