သင့် Contact ထဲက မဟုတ်တဲ့ ဖုန်း ၁ လုံးကနေ သင့် ဖုန်းထံ Missed Call ဝင်လာတယ်ဆိုပါစို့။ သင်က ဖုန်းပြန်မခေါ်ခင်မှာ အဲဒီ ဖုန်း ပိုင်ရှင်ကို သိချင်မှာပါပဲ။ အဲဒီလို သိနိုင်ဖို့အတွက် Truecaller လို ဝန်ဆောင်မှုတွေ ပေါ်လာတာပါ။ အခုတော့ Google က သူ့ရဲ့ Phone App မှာ အဲဒီ စွမ်းရည်ကို ထည့်သွင်းပေးတော့မှာပါ။

Google's Phone app will soon let you lookup unknown numbers

Google Phone App Beta Version 127.0.620688474 မှာ သင့် Contact မဟုတ်တဲ့ ဖုန်းနံပါတ်တွေရဲ့ အောက်မှာ “Lookup” Option ကို တွေ့လာရပါတယ်။ သင်က “Lookup” ကို နှိပ်ရင် အင်တာနက်မှာ ရှာဖွေနိုင်တဲ့ သင့်ဖုန်းမှ App စာရင်းကို ပြသပေးမှာ ဖြစ်ပြီး Google App ကိုလည်း ရွေးချယ်နိုင်ပါတယ်။ သင်က Google App ကို ရွေးလိုက်ရင် အဲဒီဖုန်းနံပါတ်ကို Google မှာ ရှာဖွေပေးမှာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ အဲဒီဖုန်းနံပါတ်ကို ကော်ပီ လုပ်ကာ Google မှာ ရှာဖွေရတာ ဖြစ်ပါတယ်။

Google's Phone app will soon let you look up unknown numbers - GSMArena.com  news

အခုတော့ သင် မသိတဲ့ ဖုန်းနံပါတ်တွေကို Google Phone App မှာ လျှင်မြန်စွာ ရှာဖွေနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဖုန်း အသုံးပြုသူတွေအတွက် အသုံးဝင်လာမှာ ဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ချက်ကို Truecaller App မှာ ရရှိနေတာ ကြာပြီ ဖြစ်ပြီး အခုတော့ Third-party App တွေ မလိုဘဲ Google Phone App မှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို ဂျပန်မှာ မတ်လကတည်းက ရရှိနေပြီ ဖြစ်ပြီး နိုင်ငံတကာအတွက် ဇွန်လမှာ ဖြန့်ချိပေးနိုင်ပါတယ်။

Ref : gsmarena