Zawgyi







Ref – Android Authority

Unicode

Google ကနေ ပြီးခဲ့တဲ့မေလတုန်းက ပထမဆုံးအအနေနဲ့ Budget Pixel ဖုန်းတစ်ခုဖြစ်တဲ့ Google Pixel 3a ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ Google Pixel 3a စမတ်ဖုန်းက Performance ပိုင်းနဲ့ Build Quality ပိုင်းတွေမှာ Google Pixel 3 ဖုန်းလိုမျိုး Flagship ဖုန်းတွေကို မမှီဘူးဆိုပေမယ့် $399 ကနေ စတင်ရောင်းချတဲ့အတွက် ဈေးအရတော့ တော်တော်လေးကို တန်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Google ကနေ ဒီ Pixel 3a ဖုန်းတွေမှာ လုံးဝ Downgrade မလုပ်သွားတဲ့ အရာတစ်ခုရှိပြီးတော့ ဒါကတော့ Camera ပိုင်းပဲဖြစ်ပါတယ်။ Camera ပိုင်းမှာဆိုရင် Pixel 3a ဖုန်းမှာ Google Pixel 3 မှာ သုံးထားတဲ့ 12.2MP Single Camera Setup ကိုပဲ ထည့်သွင်းထားပြီးတော့ Feature အကုန်လုံးကလည်း Pixel 3 နဲ့ တူညီနေတာဖြစ်ပါတယ်။ တစ်ခုပဲရှိတာက Pixel 3 ဖုန်းလိုမျိုး Image Procesing အတွက် သီးသန့် Visual Core ပါဝင်ခြင်းမရှိတာပဲဖြစ်ပါတယ်။

အခုလိုမျိုး လက်ရှိမှာ အကောင်းဆုံးလို့တောင်ပြောလို့ရနေတဲ့ Pixel 3 ရဲ့ Camera Setup ကို Google Pixel 3a မှာ ထည့်ပေးထားတာက လက်ရှိ $400 ဝန်းကျင်ဖုန်းတွေထဲမှာ Camera အကောင်းဆုံးဖုန်းတစ်ခုအနေနဲ့ သတ်မှတ်ခံလိုက်ရပြီးတော့ ရှိသမျှ Review တွေအကုန်လုံးမှာလည်း Google Pixel 3a ကို Camera ပိုင်းမှာ ချီးကျူးမှုတွေခံနေရတာပဲဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Pixel 3a ဖုန်းကို Camera Benchmarking Website တစ်ခုဖြစ်တဲ့ DxOMark ကနေ အခုအချိန်မှာ ရမှတ်ကို ထုတ်ပြန်ခဲ့ပြီဖြစ်ပြီးတော့ Total Back Camera Score အနေနဲ့ 100 Marks ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Pixel 3 နဲ့ iPhone XR လိုမျိုး လက်ရှိ Flagship Single Camera ဖုန်းတွေရဲ့ ရမှတ်ဖြစ်တဲ့ 101 Marks နဲ့ ယှဉ်ရင် တူညီနေတယ်လို့တောင် ပြောလို့ရပါတယ်။ အဲ့ဒါကလည်း ဈေးနှုန်းအရအများကြီးသက်သာတဲ့ $399 Price Tag နဲ့ဆိုတော့ ဒီဈေးမှာ Camera အကောင်းဆုံးဖုန်းရှာနေတယ်ဆိုရင် Pixel 3a ကလွဲပြီး ရွေးစရာမရှိဘူးလို့တောင် DxOMark က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီရမှတ်ဟာ Pixel 3a အတွက် သူ့ဈေးဝန်းကျင်တန်းက ပြိုင်ဘက်တွေဖြစ်တဲ့ Samsung Galaxy S9 ၊ OnePlus 6T နဲ့ Mi 8 လိုဖုန်းတွေထက်လည်း သိသိသာသာကို သာသွားတာပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Pixel 3a ဖုန်းကတော့ တခြားအချက်တွေမှာ သာမန် Mid Range ဖုန်းတစ်ခုဖြစ်နေပေမယ့် Camera ပိုင်းမှာတော့ Flagship Level ရှိနေတယ်ဆိုတာ ငြင်းလို့မရပါဘူး။

Ref – Android Authority