Zawgyi

Google Pixel ဖုန္းေတြဟာ ပံုမွန္အားျဖင့္ Camera ပုိင္းမွာ အေကာင္းဆံုးေသာ စမတ္ဖုန္းေတြအေနနဲ႔ သတ္မွတ္ခံေနရတာျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ခ်က္ သတိထားရမွာက Original Pixel ကေန Pixel 3 အထိ Single Camera ကိုပဲ အသံုးျပဳလာခဲ့တာပါ။

မၾကာခင္မိတ္ဆက္လာေတာ့မယ့္ Pixel 4 စမတ္ဖုန္းမွာေတာ့ Google က Single Camera ကို အသံုးျပဳလာရာကေန Triple Camera အထိကို Upgrade လုပ္လာေတာ့မွာပဲျဖစ္ပါတယ္။ ဒီ Camera Setup က 12MP Primary Sensor ၊ 16MP Telephoto Sensor နဲ႔ ToF Sensor လို႔ သတင္းေတြထြက္ထားဖူးေပမယ့္ အခုအခ်ိန္မွာေတာ့ Camera ပိုင္းနဲ႔ပတ္သတ္တဲ့ စိတ္ဝင္စားစရာသတင္းတစ္ခုက ထြက္ေပၚလာျပန္ပါျပီ။

ဒါကေတာ့ Google ရဲ႕ Creative Lead and Industrial Design Manager တစ္ေယာက္ျဖစ္တဲ့ Alberto Villareal ကေန သူ႕ရဲ႕ Instagram Account မွာ Pixel 4 လုိ႔ ယူဆရတဲ့ဖုန္းနဲ႔ ရုိက္ကူးထားတဲ့ ဓါတ္ပံုတစ္ပံုကို တင္ထားခဲ့တာျဖစ္ပါတယ္။ အဆုိပါ ဓါတ္ပံုဟာ Google Design Studio အတြင္းပုိင္းမွာ ရုိက္ကူးထားခဲ့တာျဖစ္ျပီး Alberto ကေန အဆိုပါ ဓါတ္ပံုဟာ 20x Zoom နဲ႔ ရုိက္ကူးထားတာလုိ႔ Comment ေပးခဲ့သလုိ Pixel ဖုန္းကို အသံုးျပဳျပီး ရုိက္ကူးခဲ့တာလုိ႔လည္း အတည္ျပဳသြားခဲ့ပါတယ္။

View this post on Instagram

Light + Shadow #googleIDstudio

A post shared by Claude Zellweger (@claudezellweger) on

Alberto ကေတာ့ အခု ဓါတ္ပံုဟာ Pixel 4 နဲ႔ ရုိက္ကူးထားတယ္လုိ႔ ေျပာၾကားခဲ့ျခင္းမရွိေပမယ့္လည္း Pixel 3 ဖုန္းနဲ႔ ဘယ္လုိမွ 20x Zoom ရုိက္ကူးႏုိင္ျခင္းမရွိတဲ့အတြက္ Pre-production Model Pixel 4 နဲ႔ ရုိက္ကူးထားတယ္ဆုိတာက က်ိန္းေသသေလာက္ကို ျဖစ္ေနပါျပီ။

Pixel 4 စမတ္ဖုန္းဟာ လက္ရွိထြက္ေပၚေနတဲ့သတင္းေတြအရေတာ့ Camera ပိုင္းမွာ DSLR လုိမ်ိဳး Zoom Feature ေတြပါဝင္လာမယ္လို႔လည္း သိရတဲ့အတြက္ အခုလုိ 20x Zoom နဲ႔ေတာင္ ေတာ္ေတာ္ေကာင္းမြန္တဲ့ ဓါတ္ပံုရုိက္ကူးႏုိင္တာက အထင္ၾကီးစရာပါ။ ဒါေပမယ့္ Pixel 4 ဟာ လက္ရွိ Zoom ပိုင္းမွာေကာင္းမြန္တဲ့ Huawei P30 Pro နဲ႔ OPPO Reno 10x Zoom လုိမ်ိဳး Periscope Camera ကိုမသံုးထားတဲ့အတြက္ ဘယ္လုိနည္းပညာကို အသံုးျပဳျပီး 20x Zoom ရရွိေနသလဲဆုိတာက ပိုစိတ္ဝင္စားဖုိ႔ေကာင္းေနပါတယ္။

ဘာပဲျဖစ္ျဖစ္ တကယ္သာ Pixel 4 ဟာ 20x Zoom ကို Support ျပဳလုပ္လာမယ္ဆိုရင္ လက္ရွိ 2x Zoom ပဲရတဲ့ Samsung Galaxy Note 10 ေတြလုိဖုန္းေတြနဲ႔ ယွဥ္ရင္ အမ်ားၾကီးသာသြားေတာ့မွာပါ။

Google Pixel 4 ဖုန္းေတြဟာ လာမယ့္ ေအာက္တုိဘာလမွာ မိတ္ဆက္လာႏုိင္ျပီးေတာ့ Qualcomm Snapdragon 855 Processor ၊ RAM 6GB နဲ႔အတူ Storage 64GB ဒါမွမဟုတ္ 128GB ပါဝင္လာမွာျဖစ္ပါတယ္။ Pixel 4 အေနနဲ႔ 5.7″ Full HD+ OLED Display နဲ႔ Pixel 4XL မွာ 6.3″ QHD+ OLED Display ကို သံုးလာမွာျဖစ္သလုိ ဒီ Display ၂ ခုစလံုးကလည္း 90Hz Refresh Rate ကို Support ျပဳလုပ္မွာပါ။ Battery အေနနဲ႔ေတာ့ Pixel 4 မွာ 2800mAh Battery နဲ႔ Pixel 4XL မွာ 3700mAh Battery ေတြပါဝင္လာႏုိင္ပါတယ္။

Ref – Phone Arena

Unicode

Google Pixel ဖုန်းတွေဟာ ပုံမှန်အားဖြင့် Camera ပိုင်းမှာ အကောင်းဆုံးသော စမတ်ဖုန်းတွေအနေနဲ့ သတ်မှတ်ခံနေရတာဖြစ်ပါတယ်။ ဒါကလည်း အခု Original Pixel ကနေ Pixel 3 အထိ Single Camera ကိုပဲ အသုံးပြုလာခဲ့တာပါ။

Google ကနေ မကြာခင်မိတ်ဆက်လာတော့မယ့် Pixel 4 စမတ်ဖုန်းမှာတော့ Google ကနေ Single Camera ကို အသုံးပြုလာရာကနေ Triple Camera အထိကို Upgrade လုပ်လာတော့မှာပဲဖြစ်ပါတယ်။ ဒီ Camera Setup က 12MP Primary Sensor ၊ 16MP Telephoto Sensor နဲ့ ToF Sensor လို့ သတင်းတွေထွက်ထားဖူးပေမယ့် အခုအချိန်မှာတော့ Camera ပိုင်းနဲ့ပတ်သတ်တဲ့ စိတ်ဝင်စားစရာသတင်းတစ်ခုက ထွက်ပေါ်လာပြန်ပါပြီ။

ဒါကတော့ Google ရဲ့ Creative Lead and Industrial Design Manager တစ်ယောက်ဖြစ်တဲ့ Alberto Villareal ကနေ သူ့ရဲ့ Instagram Account မှာ Pixel 4 လို့ ယူဆရတဲ့ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ပုံကို တင်ထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံဟာ Google Design Studio အတွင်းပိုင်းမှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီးတော့ Alberto ကနေ အဆိုပါ ဓါတ်ပုံဟာ 20x Zoom နဲ့ ရိုက်ကူးထားတာလို့ Comment ပေးခဲ့သလို Pixel ဖုန်းကို အသုံးပြုပြီး ရိုက်ကူးခဲ့တာလို့လည်း အတည်ပြုသွားခဲ့ပါတယ်။

View this post on Instagram

Light + Shadow #googleIDstudio

A post shared by Claude Zellweger (@claudezellweger) on

Alberto ကတော့ အခု ဓါတ်ပုံဟာ Pixel 4 နဲ့ ရိုက်ကူးထားတယ်လို့ ပြောကြားခဲ့ခြင်းမရှိပေမယ့်လည်း Pixel 3 ဖုန်းနဲ့ ဘယ်လိုမှ 20x Zoom ရိုက်ကူးနိုင်ခြင်းမရှိတဲ့အတွက် Pre-production Model Pixel 4 နဲ့ ရိုက်ကူးထားတယ်ဆိုတာက ကျိန်းသေသလောက်ကို ဖြစ်နေပါပြီ။

Pixel 4 စမတ်ဖုန်းဟာ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့ Camera ပိုင်းမှာ DSLR တစ်ခုလိုမျိုး Zoom Feature တွေပါဝင်လာမယ်လို့လည်း သိရတဲ့အတွက် အခုလို 20x Zoom နဲ့တောင် တော်တော်ကောင်းမွန်တဲ့ ဓါတ်ပုံရိုက်ကူးနိုင်တာက အထင်ကြီးစရာပါ။ ဒါပေမယ့် Pixel 4 ဟာ လက်ရှိ Zoom ပိုင်းမှာကောင်းမွန်တဲ့ Huawei P30 Pro နဲ့ OPPO Reno 10x Zoom လိုမျိုး Periscope Camera ကိုမသုံးထားတဲ့အတွက် ဘယ်လိုနည်းပညာကို အသုံးပြုပြီး 20x Zoom ရရှိနေသလဲဆိုတာက ပိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဘာပဲဖြစ်ဖြစ် တကယ်သာ Pixel 4 ဟာ 20x Zoom ကို Support ပြုလုပ်လာမယ်ဆိုရင် လက်ရှိ 2x Zoom ပဲရတဲ့ iPhone 11 နဲ့ Samsung Galaxy Note 10 တွေလိုဖုန်းတွေနဲ့ ယှဉ်ရင် အများကြီးသာသွားတော့မှာပါ။

Google Pixel 4 ဖုန်းတွေဟာ လာမယ့် အောက်တိုဘာလမှာ မိတ်ဆက်လာနိုင်ပြီးတော့ Qualcomm Snapdragon 855 Processor ၊ RAM 6GB နဲ့အတူ Storage 64GB ဒါမှမဟုတ် 128GB ပါဝင်လာမှာဖြစ်ပါတယ်။ Pixel 4 အနေနဲ့ 5.7″ Full HD+ OLED Display နဲ့ Pixel 4XL မှာ 6.3″ QHD+ OLED Display ကို သုံးလာမှာဖြစ်သလို ဒီ Display ၂ ခုစလုံးကလည်း 90Hz Refresh Rate ကို Support ပြုလုပ်မှာပါ။ Battery အနေနဲ့တော့ Pixel 4 မှာ 2800mAh Battery နဲ့ Pixel 4XL မှာ 3700mAh Battery တွေပါဝင်လာနိုင်ပါတယ်။

Ref – Phone Arena