Google ကနေ စျေးသက်သာတဲ့ Mid Range ဖုန်းတစ်လုံးဖြစ်လာမယ့် Google Pixel 4a စမတ်ဖုန်းကို မကြာခင်မှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Google Pixel 4a နဲ့ ပတ်သက်ပြီး သတင်းတွေအတော်များများလည်း ပေါက်ကြားခဲ့ပြီးဖြစ်သလို အခုလည်း Camera ပိုင်း Sample ဓါတ်ပုံတွေထပ်မံပေါက်ကြားလာခဲ့ပါတယ်။

အခုတစ်ကြိမ်မှာတော့ Google Pixel 4a ရဲ့ Camera ကို Xiaomi Redmi Note 7 ဖုန်းနဲ့ နှိုင်းယှဥ်ထားတဲ့ ဓါတ်ပုံတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ Google Pixel 4a ဟာ စျေးနှုန်းအနေနဲ့ $399 ကနေ စတင်မှာဖြစ်တဲ့အတွက် Redmi Note 7 ထက် စျေးပိုများတယ်ဆိုပေမယ့် Camera ပိုင်းမှာတော့ Redmi Note 7 လိုမျိုး 48MP + 5MP Camera Setup အစား Single 12MP Sensor ပဲပါဝင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုထွက်ရှိလာတဲ့ ဓါတ်ပုံတွေအရတော့ Google Pixel 4a ရဲ့ Camera ဟာ Redmi Note 7 ရဲ့ Indoor အပြင် Outdoor မှာပါ သိသိသာသာကို ပိုကောင်းနေတာကိုတွေ့ရှိရပါတယ်။ မနှစ်တုန်းက Google Pixel 3a စမတ်ဖုန်းကလည်း Google Pixel 3 ရဲ့ Camera ကိုပဲ အသုံးပြုထားတဲ့အတွက် ဒီနှစ် Pixel 4a ကလည်း မနှစ်တုန်းက Pixel 4 နဲ့တူညီတဲ့ Primary Camera ကိုပဲ အသုံးပြုလာနိုင်ခြေများနေပါတယ်။

ဘာပဲဖြစ်ဖြစ် Google Pixel 4a စမတ်ဖုန်းဟာ Selfie Camera အတွက် Punch-hole Design နဲ့ 5.8″ OLED Display ၊ Snapdragon 730 Processor ၊ RAM 6GB နဲ့ Storage 64GB သို့မဟုတ် 128GB ကိုရွေးချယ်နိုင်မှာဖြစ်ပြီးတော့ Camera ပိုင်းမှာ Flagship ဖုန်းတွေနီးပါး စွမ်းဆောင်နိုင်မယ်လို့ ယူဆရပါတယ်။

Ref – GSM Arena