Google က Pixel 8 နဲ့ Pixel 8 Pro ကို ကြေညာလိုက်ပြီး Tensor G3 Chipset ထည့်သွင်းထားပါတယ်။ Pixel 8 မှာ 8GB RAM နဲ့ Pro မှာ 12GB RAM ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ IP68 ရေစိုခံစံနှုန်းနဲ့ Fingerprint နဲ့ Face Unlock လုပ်ဆောင်ချက်တွေ ပါပါတယ်။

The Pixel 8 and 8 Pro pack a Tensor G3, new ultrawide cameras

Pixel 8 Pro မှာ 6.7” QHD+ LTPO 120Hz OLED မျက်နှာပြင် တပ်ဆင်ထားပြီး 2,400 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပြီး Blue , Obsidian နဲ့ Beige အရောင်တွေ ထုတ်လုပ်ထားပါတယ်။

The Pixel 8 and 8 Pro pack a Tensor G3, new ultrawide cameras

အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 50MP Octa-PD(Phase-detect Autofocus) Wide Shooter (OIS) ၊ 48MP Quad-PD Ultrawide နဲ့ 48MP Quad-PD 5x Zoom (30x Super-Res Digital Zoom) တွေ ဖြစ်ပါတယ်။ အရှေ့ ကင်မရာက 10.5MP Wide ဖြစ်ပါတယ်။ Pixel 8 Pro ရဲ့ ကင်မရာတွေဘေးမှာ အရေပြား အပူချိန်တိုင်းတာတဲ့ ဆန်ဆာ ထည့်သွင်းထားပါတယ်။ 30W Wired Charging နဲ့ 23W Wireless Charging ထောက်ပံ့တဲ့ 5,050mAh Battery ပါပါတယ်။

Pixel 8 အကြောင်းပြောရရင် 6.2” FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 2,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ 120Hz Refresh Rate ပါလာပြီး Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။ Hazel, Obsidian နဲ့ Rose အရောင်တွေ ထုတ်လုပ်ထားပါတယ်။

အနောက်ဘက်မှာ 50MP Octa-PD Main (8x Super-Res Digital Zoom) နဲ့ 12MP Ultrawide ကင်မရာတွေ တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 10.5MP ကင်မရာ ပါလာပါတယ်။ 27W Wired နဲ့ 18W Wireless Charging ထောက်ပံ့တဲ့ 4,575mAh Battery ထည့်ထားပါတယ်။

OS နဲ့ Security Update ကို ၇ နှစ်ကြာရမှာက တော်တော် ထူးခြားပါတယ်။ Pixel 8 128GB ကို ၇၀၀ ဒေါ်လာ၊ Pixel 8 Pro 128GB ကို ၁,၀၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena