[Zawgyi]

Google ဟာ Dark theme ေတြကို Pixel မွာ စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ Google Discover Dark theme ထုတ္ေပးၿပီးတဲ့ေနာက္မွာ Google Play Game ကလည္း Dark theme ရရွိၿပီျဖစ္ပါတယ္။ ေနာက္ဆုံး Update ျဖစ္တဲ့ Version 5.14 ဟာ App Shortcuts လည္း ပါဝင္ေနခဲ့ၿပီ ျဖစ္ပါတယ္။

အျခား Apps ေတြလိုပဲ Bright background က Dark gray ပုံစံဆီ ေျပာင္းလဲသြားတာပါ။ မူလက အစိမ္းေရာင္ သေကၤတကလည္း ရွိေနဦးမွာပါ။ အနက္ေရာင္မွာဆိုေတာ့ ပိုၿပီးေတာ့ေတာင္ ထင္းေနတယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္ ဒီလို Dark theme ေျပာင္းလဲမႈက ေန႔နဲ႔ည အခ်ိန္အေျပာင္းအလဲေပၚမူတည္ၿပီး အလိုအေလ်ာက္ လိုက္ပါေျပာင္းလဲသြားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

Official Changlog မွာ မူလအတိုင္းသုံးေနရာကေန Dark theme ကို ေျပာင္းလဲလို႔ရၿပီ ေဖာ္ျပထားခဲ့ပါတယ္။ Achievement ေတြကိုလည္း ကိုယ့္စိတ္ႀကိဳက္ စီႏိုင္ပါၿပီ။ အလိုအေလ်ာက္ စီေပးမယ့္ စနစ္လည္း ပါဝင္ပါတယ္။ Play Game icon ကို ခပ္ၾကာၾကာထိကိုင္ထားရင္ ေနာက္ဆုံးကစားခဲ့တဲ့ ဂိမ္းကို ေရာက္ရွိသြားမယ္လို႔ သိရပါတယ္။

ဒီ Update က လတ္တေလာမွာ တစ္ကမာၻလုံးကို ေရာက္ဦးမွာ မဟုတ္ပါဘူး။ အနည္းငယ္ေနာက္က်တဲ့ ႏိုင္ငံေတြလည္း ရွိေနဦးမွာပါ။ ဒါေပမယ့္ အလိုအေလ်ာက္ Update မလုပ္ေပးလည္း သုံးစြဲသူကိုယ္တိုင္ Version 5.1.4 ကို Play Store မွာ ကိုယ္တိုင္ သြားရွာလို႔ရပါတယ္။ AMOLED display သုံးထားတဲ့ ဖုန္းေတြအတြက္ေတာ့ Dark theme ေတြက အေတာ္ေလးကို အသုံးတည့္တာေၾကာင့္ မသုံးမျဖစ္ သုံးသင့္တယ္လို႔ ၫႊန္းဆိုလိုက္ပါတယ္။

 

Ref: 9to5google

 

[Unicode]

Google ဟာ Dark theme တွေကို Pixel မှာ စတင် ထည့်သွင်းပေးခဲ့ပါတယ်။ Google Discover Dark theme ထုတ်ပေးပြီးတဲ့နောက်မှာ Google Play Game ကလည်း Dark theme ရရှိပြီဖြစ်ပါတယ်။ နောက်ဆုံး Update ဖြစ်တဲ့ Version 5.14 ဟာ App Shortcuts လည်း ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။

အခြား Apps တွေလိုပဲ Bright background က Dark gray ပုံစံဆီ ပြောင်းလဲသွားတာပါ။ မူလက အစိမ်းရောင် သင်္ကေတကလည်း ရှိနေဦးမှာပါ။ အနက်ရောင်မှာဆိုတော့ ပိုပြီးတော့တောင် ထင်းနေတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဒီလို Dark theme ပြောင်းလဲမှုက နေ့နဲ့ည အချိန်အပြောင်းအလဲပေါ်မူတည်ပြီး အလိုအလျောက် လိုက်ပါပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Official Changlog မှာ မူလအတိုင်းသုံးနေရာကနေ Dark theme ကို ပြောင်းလဲလို့ရပြီ ဖော်ပြထားခဲ့ပါတယ်။ Achievement တွေကိုလည်း ကိုယ့်စိတ်ကြိုက် စီနိုင်ပါပြီ။ အလိုအလျောက် စီပေးမယ့် စနစ်လည်း ပါဝင်ပါတယ်။ Play Game icon ကို ခပ်ကြာကြာထိကိုင်ထားရင် နောက်ဆုံးကစားခဲ့တဲ့ ဂိမ်းကို ရောက်ရှိသွားမယ်လို့ သိရပါတယ်။

ဒီ Update က လတ်တလောမှာ တစ်ကမ္ဘာလုံးကို ရောက်ဦးမှာ မဟုတ်ပါဘူး။ အနည်းငယ်နောက်ကျတဲ့ နိုင်ငံတွေလည်း ရှိနေဦးမှာပါ။ ဒါပေမယ့် အလိုအလျောက် Update မလုပ်ပေးလည်း သုံးစွဲသူကိုယ်တိုင် Version 5.1.4 ကို Play Store မှာ ကိုယ်တိုင် သွားရှာလို့ရပါတယ်။ AMOLED display သုံးထားတဲ့ ဖုန်းတွေအတွက်တော့ Dark theme တွေက အတော်လေးကို အသုံးတည့်တာကြောင့် မသုံးမဖြစ် သုံးသင့်တယ်လို့ ညွှန်းဆိုလိုက်ပါတယ်။

 

Ref: 9to5google