(Unicode)

မြန်မာနိုင်ငံက စမတ်ဖုန်းသုံးစွဲသူအများစုက Apple iPhone ထက် Android စမတ်ဖုန်းတွေကိုအသုံးပြုမှုက သိသိသာသာကိုပိုပြီးများပါတယ်။ ဒီလိုမျိုး Android ဖုန်းတစ်ခုကို ကိုင်နေပြီဆိုရင် မဖြစ်မနေသုံးဖြစ်နေမှာကလည်း Application တွေနဲ့ Game တွေပဲဖြစ်မှာပါ။ အဲ့တော့ ကိုယ်ကြိုက်တဲ့ App တွေ၊ Game တွေကို Download လုပ်ဖို့က Google Play Store က မရှိမဖြစ်ကို အရေးပါလာပါပြီ။

လက်ရှိအချိန်မှာ Google Play Store ကနေ အခမဲ့ Download ရယူနိုင်တဲ့ Application တွေနဲ့ Game တွေအများအပြားရှိနေတယ်ဆိုပေမယ့် တကယ် အရည်အသွေးမြင့်တဲ့ App တွေကတော့ ပိုက်ဆံပေးပြီး ဝယ်ယူရမှာပဲဖြစ်ပါတယ်။ ယခင်တုန်းကဆိုရင် Google Play Store က App တစ်ခုခုကို ဝယ်ဖို့ဆိုရင် Play Store Gift Card ကို လိုက်ရှာဝယ်တာပဲဖြစ်ဖြစ်၊ VISA, Master, PayPal နဲ့ JCB လိုမျိုး Payment တစ်ခုခုရှိမှသာ ဝယ်ယူနိုင်ခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ Google Play Store က ကိုယ်ကြိုက်တဲ့ App တွေကို ဘာ Payment မှ မလိုအပ်ဘဲ အလွယ်ကူဆုံးဝယ်ယူနိုင်တဲ့ နည်းလမ်းတစ်ခုကို Ooredoo ကနေ ဆောင်ယူလာပြီဖြစ်ပါတယ်။ ဒါကတော့ Ooredoo နဲ့ Google Play Store တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုကနေ Direct Billing Payment ရရှိလာတာပဲဖြစ်ပါတယ်။

Ooredoo Myanmar က လက်ရှိမြန်မာနိုင်ငံရဲ့ Mobile Operator တွေထဲမှာ ပထမဆုံးအနေနဲ့ Google Play Store နဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ခဲ့တဲ့ Operator တစ်ခုဖြစ်လာပြီးတော့ လက်ရှိ Ooredoo Network ကို အသုံးပြုနေတဲ့ Android ဖုန်းအသုံးပြုသူတွေအတွက် အများကြီးအကျိုးရှိလာမှာပါ။ ဒီလိုမျိုး ကိုယ်ဝယ်ယူချင်တဲ့ App တွေကို Credit Card မလို၊ Gift Card မလိုဘဲ ဝယ်ယူနိုင်ဖို့အတွက်ကလည်း ပြုလုပ်ရမယ့်အဆင့်တွေက လွယ်ကူပါတယ်။

အရင်ဆုံး Ooredoo SIM Card ကို သုံးစွဲတဲ့သူဖြစ်ဖို့လိုအပ်ပြီးတော့ Google Play Store မှာ Google Account ကို Sign in ဝင်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ Play Store ထဲမှာ Google Account ကို Sign in ဝင်ထားပြီးပြီဆိုရင် My Account အောက်မှာရှိတဲ့ Purchasing Method မှာ Enable Ooredoo Billing ကို On လိုက်ရုံပါပဲ။ ဒီနေရာမှာ လိုအပ်တဲ့ Information အနည်းငယ်ကိုတော့ ဖြည့်သွင်းပေးဖို့လိုအပ်မှာဖြစ်ပါတယ်။

ဒီလိုမျိုး Information တွေလည်းဖြည့်ပြီးပြီဆိုရင် ကိုယ်ဝယ်ယူချင်တဲ့ App ကို နှိပ်လိုက်ပြီးတော့ Payment Screen မှာ “Ooredoo Billing” ကို ရွေးပေးလိုက်ရုံပါပဲ။ အခုလို ဝယ်ယူမှုတွေမှာ မှားယွင်းပြီး ဝယ်မိတာမျိုးမဖြစ်အောင်လည်း Google Account Password ကို ထပ်မံထည့်သွင်းပေးဖို့ လိုအပ်မှာပါ။ ပြီးရင်တော့ Verify လုပ်ပေးလိုက်တာနဲ့ ကိုယ်ဝယ်ယူမယ့် App ရဲ့ တန်ဖိုးကို Ooredoo ဖုန်းဘေထဲက ဖြတ်သွားမှာဖြစ်ပြီး App ကို Download ပြုလုပ်နိုင်မှာပါ။

ကိုယ်ဘယ် Application တွေကို ဘယ်လောက်နဲ့ ဝယ်ယူခဲ့တယ်ဆိုတာကိုလည်း SMS ဒါမှမဟုတ် Email ကနေ Confirm လုပ်ပေးသွားဦးမှာဆိုတော့ ဒီလိုမျိုး Ooredoo Direct Billing စနစ်က လက်ရှိမှာ Google Play Store ကနေ ဝယ်ယူဖို့အလွယ်ဆုံးနည်းလမ်းဆိုရင်လည်း မမှားပါဘူး။ ဒီလိုမျိုး ဖုန်းဘေကနေ Play Store က App တွေကို ဝယ်ယူနိုင်နေပြီဆိုတော့ Android User တွေအနေနဲ့လည်း ပိုကောင်းတဲ့ App တွေ၊ ဥပမာ – Video Editing, Photo Retouching App တွေလိုမျိုး App တွေကို ကောင်းကောင်းအသုံးချလာနိုင်တော့မှာပါ။

အဲ့တော့ Android ဖုန်းကိုလည်း သုံးနေတယ်၊ Ooredoo ကိုလည်း သုံးနေတယ်ဆိုရင် ဒီ Google Play Direct Billing Feature က လုံးဝကို အခုပဲ စမ်းသပ်ကြည့်သင့်တဲ့ Feature တစ်ခုလို့ပြောရမှာပါ။ တခြား Operator သုံးနေတယ်ဆိုရင်တောင်မှ Google Play Store က App တွေကို ဝယ်ဖို့ VISA Card တွေ၊ Credit Card တွေ လုပ်နေတာထက် လက်ရှိမှာ မြန်မာ့အမြန်ဆုံး မိုဘိုင်းလ်ကွန်ရက်လည်းဖြစ်တဲ့ Ooredoo SIM ကို ပြောင်းလိုက်တာက ပိုတောင် လွယ်ကူနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံက Android ဖုန်းအသုံးပြုသူတွေအတွက် စိတ်လှုပ်ရှားဖို့အကောင်းဆုံးသတင်းတစ်ခုဆိုတာကတော့ မမှားပါဘူး။

(Zawgyi)

ျမန္မာႏိုင္ငံက စမတ္ဖုန္းသုံးစြဲသူအမ်ားစုက Apple iPhone ထက္ Android စမတ္ဖုန္းေတြကိုအသုံးျပဳမႈက သိသိသာသာကိုပိုၿပီးမ်ားပါတယ္။ ဒီလိုမ်ိဳး Android ဖုန္းတစ္ခုကို ကိုင္ေနၿပီဆိုရင္ မျဖစ္မေနသုံးျဖစ္ေနမွာကလည္း Application ေတြနဲ႔ Game ေတြပဲျဖစ္မွာပါ။ အဲ့ေတာ့ ကိုယ္ႀကိဳက္တဲ့ App ေတြ၊ Game ေတြကို Download လုပ္ဖို႔က Google Play Store က မရွိမျဖစ္ကို အေရးပါလာပါၿပီ။

လက္ရွိအခ်ိန္မွာ Google Play Store ကေန အခမဲ့ Download ရယူႏိုင္တဲ့ Application ေတြနဲ႔ Game ေတြအမ်ားအျပားရွိေနတယ္ဆိုေပမယ့္ တကယ္ အရည္အေသြးျမင့္တဲ့ App ေတြကေတာ့ ပိုက္ဆံေပးၿပီး ဝယ္ယူရမွာပဲျဖစ္ပါတယ္။ ယခင္တုန္းကဆိုရင္ Google Play Store က App တစ္ခုခုကို ဝယ္ဖို႔ဆိုရင္ Play Store Gift Card ကို လိုက္ရွာဝယ္တာပဲျဖစ္ျဖစ္၊ VISA, Master, PayPal နဲ႔ JCB လိုမ်ိဳး Payment တစ္ခုခုရွိမွသာ ဝယ္ယူႏိုင္ခဲ့တာပါ။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Google Play Store က ကိုယ္ႀကိဳက္တဲ့ App ေတြကို ဘာ Payment မွ မလိုအပ္ဘဲ အလြယ္ကူဆုံးဝယ္ယူႏိုင္တဲ့ နည္းလမ္းတစ္ခုကို Ooredoo ကေန ေဆာင္ယူလာၿပီျဖစ္ပါတယ္။ ဒါကေတာ့ Ooredoo နဲ႔ Google Play Store တို႔ရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈတစ္ခုကေန Direct Billing Payment ရရွိလာတာပဲျဖစ္ပါတယ္။

Ooredoo Myanmar က လက္ရွိျမန္မာႏိုင္ငံရဲ႕ Mobile Operator ေတြထဲမွာ ပထမဆုံးအေနနဲ႔ Google Play Store နဲ႔ တိုက္႐ိုက္ခ်ိတ္ဆက္ႏိုင္ခဲ့တဲ့ Operator တစ္ခုျဖစ္လာၿပီးေတာ့ လက္ရွိ Ooredoo Network ကို အသုံးျပဳေနတဲ့ Android ဖုန္းအသုံးျပဳသူေတြအတြက္ အမ်ားႀကီးအက်ိဳးရွိလာမွာပါ။ ဒီလိုမ်ိဳး ကိုယ္ဝယ္ယူခ်င္တဲ့ App ေတြကို Credit Card မလို၊ Gift Card မလိုဘဲ ဝယ္ယူႏိုင္ဖို႔အတြက္ကလည္း ျပဳလုပ္ရမယ့္အဆင့္ေတြက လြယ္ကူပါတယ္။

အရင္ဆုံး Ooredoo SIM Card ကို သုံးစြဲတဲ့သူျဖစ္ဖို႔လိုအပ္ၿပီးေတာ့ Google Play Store မွာ Google Account ကို Sign in ဝင္ထားဖို႔ လိုအပ္မွာျဖစ္ပါတယ္။ Play Store ထဲမွာ Google Account ကို Sign in ဝင္ထားၿပီးၿပီဆိုရင္ My Account ေအာက္မွာရွိတဲ့ Purchasing Method မွာ Enable Ooredoo Billing ကို On လိုက္႐ုံပါပဲ။ ဒီေနရာမွာ လိုအပ္တဲ့ Information အနည္းငယ္ကိုေတာ့ ျဖည့္သြင္းေပးဖို႔လိုအပ္မွာျဖစ္ပါတယ္။

ဒီလိုမ်ိဳး Information ေတြလည္းျဖည့္ၿပီးၿပီဆိုရင္ ကိုယ္ဝယ္ယူခ်င္တဲ့ App ကို ႏွိပ္လိုက္ၿပီးေတာ့ Payment Screen မွာ “Ooredoo Billing” ကို ေ႐ြးေပးလိုက္႐ုံပါပဲ။ အခုလို ဝယ္ယူမႈေတြမွာ မွားယြင္းၿပီး ဝယ္မိတာမ်ိဳးမျဖစ္ေအာင္လည္း Google Account Password ကို ထပ္မံထည့္သြင္းေပးဖို႔ လိုအပ္မွာပါ။ ၿပီးရင္ေတာ့ Verify လုပ္ေပးလိုက္တာနဲ႔ ကိုယ္ဝယ္ယူမယ့္ App ရဲ႕ တန္ဖိုးကို Ooredoo ဖုန္းေဘထဲက ျဖတ္သြားမွာျဖစ္ၿပီး App ကို Download ျပဳလုပ္ႏိုင္မွာပါ။

ကိုယ္ဘယ္ Application ေတြကို ဘယ္ေလာက္နဲ႔ ဝယ္ယူခဲ့တယ္ဆိုတာကိုလည္း SMS ဒါမွမဟုတ္ Email ကေန Confirm လုပ္ေပးသြားဦးမွာဆိုေတာ့ ဒီလိုမ်ိဳး Ooredoo Direct Billing စနစ္က လက္ရွိမွာ Google Play Store ကေန ဝယ္ယူဖို႔အလြယ္ဆုံးနည္းလမ္းဆိုရင္လည္း မမွားပါဘူး။ ဒီလိုမ်ိဳး ဖုန္းေဘကေန Play Store က App ေတြကို ဝယ္ယူႏိုင္ေနၿပီဆိုေတာ့ Android User ေတြအေနနဲ႔လည္း ပိုေကာင္းတဲ့ App ေတြ၊ ဥပမာ – Video Editing, Photo Retouching App ေတြလိုမ်ိဳး App ေတြကို ေကာင္းေကာင္းအသုံးခ်လာႏိုင္ေတာ့မွာပါ။

အဲ့ေတာ့ Android ဖုန္းကိုလည္း သုံးေနတယ္၊ Ooredoo ကိုလည္း သုံးေနတယ္ဆိုရင္ ဒီ Google Play Direct Billing Feature က လုံးဝကို အခုပဲ စမ္းသပ္ၾကည့္သင့္တဲ့ Feature တစ္ခုလို႔ေျပာရမွာပါ။ တျခား Operator သုံးေနတယ္ဆိုရင္ေတာင္မွ Google Play Store က App ေတြကို ဝယ္ဖို႔ VISA Card ေတြ၊ Credit Card ေတြ လုပ္ေနတာထက္ လက္ရွိမွာ ျမန္မာ့အျမန္ဆုံး မိုဘိုင္းလ္ကြန္ရက္လည္းျဖစ္တဲ့ Ooredoo SIM ကို ေျပာင္းလိုက္တာက ပိုေတာင္ လြယ္ကူေနပါေသးတယ္။ ဘာပဲျဖစ္ျဖစ္ ျမန္မာႏိုင္ငံက Android ဖုန္းအသုံးျပဳသူေတြအတြက္ စိတ္လႈပ္ရွားဖို႔အေကာင္းဆုံးသတင္းတစ္ခုဆိုတာကေတာ့ မမွားပါဘူး။