Google ကနေ နှစ်စဉ်ထုတ်ပေးနေကြဖြစ်တဲ့ Year In Search Video ကိုထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ အခု Video မှာတော့ ယခင်နှစ်တွေကလိုပဲ တကမ္ဘာလုံးမှာရှိကြတဲ့လူတွေက Google မှာ ရှာဖွေမှုအများဆုံး စကားလုံးတွေ၊ ဖြစ်ရပ်တွေကို ဗီဒီယိုထဲမှာတွေ့မြင်ရမှာဖြစ်ပါတယ်။

ဒီနှစ်ရဲ့ Year In Search Video မှာတော့ နည်းပညာပိုင်းဆိုင်ရာ ရှာဖွေမှုအများဆုံ စကားလုံးတွေက “iPhone 8” “iPhone X” နဲ့ “Nintendo Switch” Gadget တွေပါဝင်ခဲ့ပြီးတော့ အခြားသော လူမှုရေးဖြစ်ရပ်တွေ၊ ဒီနှစ်ထဲမှာဖြစ်ပွားခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း Arma အကြောင်းတွေ ပါဝင်ခဲ့ပါတယ်။

Google ရဲ့ အဆိုအရတော့ ယခုနှစ် ၂၀၁၇ မှာ လူတွေက “How” နဲ့ အစချီပြီး ငါဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းတွေကို အဓိကအမေးများခဲ့တယ်လို့ သိရပါတယ်။

ကဲ… Google ရဲ့ ၂၀၁၇ ခုနှစ်အတွက် Year In Search Video လေးကို ဖော်ပြပေးလိုက်ပါတယ်။