အီးမေး ဈေးကွက်ရှာဖွေရေး ပလက်ဖောင်း Mailchimp က ဟက်ကာတွေဟာ ဌာနတွင်း Tool ၁ ခုကို အသုံးပြုကာ ဖောက်သည် ၁၀၀ ကျော်ရဲ့ ဒေတာတွေကို ခိုးယူခဲ့ပြီး Cryptocurrency ဝန်ဆောင်မှု  အသုံးပြုသူတွေကို Phishing Attack နဲ့ တိုက်ခိုက်ဖို့ အဲဒီ ဒေတာတွေကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။

Mailchimp က အဲဒီ ဖောက်ထွင်းခံရမှုကို တနင်္လာနေ့က မီဒီယာတွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Trezor Hardware Cryptocurrency Wallet အသုံးပြုသူတွေက Phishing အီးမေးတွေနဲ့ တိုက်ခိုက်ခံနေရတယ်ဆိုတာကို စနေ၊ တနင်္ဂနွေနေ့တွေကတည်းက သိခဲ့ကြတာ ဖြစ်ပါတယ်။

Mailchimp CISO Siobhan Smyth က ကုမ္ပဏီရဲ့ Customer Support နဲ့ Account Administration Team တွေက အသုံးပြုတဲ့ Tool ၁ ခုဟာ အခွင့်မရှိဘဲ Access လုပ်နေတာကို သိခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က စတင်ကာ ဖောက်ထွင်းခံရတာကို သိခဲ့တယ်လို့ ပြောပါတယ်။ Mailchimp က ဖောက်ထွင်းခံရတာကို သိပြီးနောက် ဝန်ထမ်း Account တွေကို ပိတ်ပင်ခဲ့ပေမယ့် ဟက်ကာတွေဟာ Mailchimp User Account ၃၀၀ လောက်ကို ကြည့်ရှုနိုင်နေသေးကာ အဲဒီအထဲက ၁၀၂ ယောက်ရဲ့ ဒေတာတွေကို ခိုးယူနိုင်ခဲ့ပါတယ်။

Smyth က “ ဒီဖြစ်ရပ်ကြောင့် သုံးစွဲသူတွေကို အလေးအနက် တောင်းပန်ပါတယ်။ ကျွန်တော်တို့ ဖောက်သည်တွေနဲ့ သူတို့ရဲ့ Customer တွေအတွက် အဆင်မပြေဖြစ်သွားပြီး လုံခြုံရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ထွက်လာပါတယ်။ အနာဂတ်မှာ ဒီလို ဖြစ်ရပ်မျိုးတွေကို ကာကွယ်ဖို့ လုံခြုံရေးကို တင်းကြပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : theverge