[Zawgyi]





Ref: GSMArena

[Unicode]

တရုတ်ဈေးကွက်တွင်းမှာ Pre-order တင်လို့ရနေပြီဖြစ်တဲ့ Honor 20i

ဧပြီလ ၂၅ ရက်နေ့မှာ Honor 20 Pro ကိုမိတ်ဆက်မယ်လို့ သတင်းထွက်ထားတာကြောင့် စောင့်ဆိုင်းနေကြတုန်းမှာပဲ Honor 20i ကို လာမယ့် ရက်ပိုင်းအတွင်း ကြေညာမယ်လို့ ထပ်မံသတင်းထွက်လာခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး ဒီဖုန်းအတွက် Pre-order ကို ဧပြီလ ၁၅ ရက်နေ့မှာ စတင်မယ်လို့လည်း သိရပါသေးတယ်။

Huawei ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Honor ရဲ့ 20 Series တွေထဲမှာတော့ Honor 20i ဟာ ပထမဆုံးဖုန်း ဖြစ်လာပါတယ်။ ပြောရရင်တော့ Honor 20i ဟာ Honor 10i, Honor 20 Lite တို့လိုပါပဲ။ ဘေဂျင်းအတွက် glory 20i အဖြစ် ထွက်ပေါ်လာမယ့် ဒီဖုန်းဟာ AI self-timer လည်း ပါဝင်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။

အရှေ့ဘက်ကင်မရာကတော့ 32 million pixel camera ဖြစ်ပြီး AI beauty ထောက်ပံ့ပေးထားပါတယ်။ ကျောဘက်မှာ ကင်မရာသုံးလုံးတပ်ဆင်ထားပြီး 24MP (f/1.8) အဓိက ကင်မရာ၊ 8MP (f/2.4 aperture) နဲ့ 2MP (f/2.4 aperture) တွေပဲ ဖြစ်ပါတယ်။

မျက်နှာပြင်ကတော့ 6.21-inch ဖြစ်ပြီး 2340 x 1080 resolution ဖြစ်ပါတယ်။ LCD panel ဖြစ်ပြီး Screen ratio ကတော့ 90% နဲ့ အထက် ဖြစ်မယ်လို့ ယူဆရပါတယ်။ Kirin 710 Chipset ကို သုံးထားပြီး 6/64GB, 4/128GB နဲ့ 6/256GB ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ အရောင်ကတော့ Red, Blue gradients တွေနဲ့အတူ Magic night black တို့ပဲ ဖြစ်ကြပါတယ်။

Ref: GSMArena