Zawgyi

Honor ရဲ႕ Mid Range ဖုန္းတစ္ခုျဖစ္တဲ့ Honor 8X စမတ္ဖုန္းက ျပီးခဲ့တဲ့ႏွစ္တုန္းက အသံုးျပဳသူေတြၾကားထဲမွာ လူၾကိဳက္မ်ားခဲ့တဲ့ဖုန္းတစ္ခုလုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။ အခုအခ်ိန္မွာေတာ့ Honor ကေန အဆိုပါ Honor 8X ဖုန္းရဲ႕ မ်ိဳးဆက္သစ္ျဖစ္တဲ့ Honor 9X ဖုန္းကို မိတ္ဆက္မယ့္အခ်ိန္ကို ထုတ္ျပန္လုိက္ပါျပီ။

အခုဒီသတင္းကိုေတာ့ Honor ရဲ႕ CEO ျဖစ္တဲ့ George Zhao ကေန Weibo Account မွာ လာမယ့္ ဇူလုိင္လ ၂၃ ရက္ေန႔မွာ Honor 9X ကို မိတ္ဆက္သြားေတာ့မယ္ဆုိတာကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ မႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Honor 8X စမတ္ဖုန္းကလည္း ကုမၸဏီက ထုတ္ခဲ့သမွ် စမတ္ဖုန္းေတြထဲမွာ အေစာဆံုးအေနနဲ႔ အလံုးေရ ၁၀ သန္းေရာင္းခ်ႏုိင္တဲ့ဖုန္းလည္းျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

အခု ထြက္ရွိလာမယ့္ Honor 9X ရဲ႕ Teaser ဓါတ္ပံုမွာေတာ့ “Honor 9X is fast from the inside. Born to be low-key” လုိ႔ အဓိပၸါယ္ရတဲ့စာသားကို ေရးသားထားတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဒီႏွစ္ Honor 9X ဖုန္းကလည္း မႏွစ္တုန္းကလိုမ်ိဳးပဲ Mid Range Level ဖုန္းတစ္ခုပဲျဖစ္လာဖုိ႔မ်ားပါတယ္။

ဒါေပမယ့္လည္း Honor 9X စမတ္ဖုန္းက 10W Fast Charger ပါဝင္လာမွာကိုေတာ့ အတည္ျပဳထားျပီးေတာ့ က်န္တဲ့ Specs ေတြကိုေတာ့ အတိအက်မသိရွိရေသးပါဘူး။ ဒါ့အျပင္ Honor 9X ဖုန္းမွာ Pro ဆုိျပီး ေနာက္ထပ္ Performance ပိုေကာင္းတဲ့ဖုန္းပါ မိတ္ဆက္လာမယ္လုိ႔ သိရပါတယ္။ ျဖစ္ႏုိင္တာက Huawei Nova 5 မွာ စြမ္းေဆာင္ရည္ေတာ္ေတာ္ေကာင္းတဲ့ Kirin 810 Processor ကိုအသံုးျပဳထားတဲ့အတြက္ Honor 9X ဖုန္းမွာလည္း ဒီ Kirin 810 Processor ပါဝင္လာဖို႔မ်ားေနပါတယ္။

Ref – GSM Arena

Unicode

Honor ရဲ့ Mid Range ဖုန်းတစ်ခုဖြစ်တဲ့ Honor 8X စမတ်ဖုန်းက ပြီးခဲ့တဲ့နှစ်တုန်းက အသုံးပြုသူတွေကြားထဲမှာ လူကြိုက်များခဲ့တဲ့ဖုန်းတစ်ခုလို့တောင် ပြောလို့ရပါတယ်။ အခုအချိန်မှာတော့ Honor ကနေ အဆိုပါ Honor 8X ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Honor 9X ဖုန်းကို မိတ်ဆက်မယ့်အချိန်ကို ထုတ်ပြန်လိုက်ပါပြီ။

အခုဒီသတင်းကိုတော့ Honor ရဲ့ CEO ဖြစ်တဲ့ George Zhao ကနေ Weibo Account မှာ လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့မှာ Honor 9X ကို မိတ်ဆက်သွားတော့မယ်ဆိုတာကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Honor 8X စမတ်ဖုန်းကလည်း ကုမ္ပဏီက ထုတ်ခဲ့သမျှ စမတ်ဖုန်းတွေထဲမှာ အစောဆုံးအနေနဲ့ အလုံးရေ ၁၀ သန်းရောင်းချနိုင်တဲ့ဖုန်းလည်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခု ထွက်ရှိလာမယ့် Honor 9X ရဲ့ Teaser ဓါတ်ပုံမှာတော့ “Honor 9X is fast from the inside. Born to be low-key” လို့ အဓိပ္ပါယ်ရတဲ့စာသားကို ရေးသားထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီနှစ် Honor 9X ဖုန်းကလည်း မနှစ်တုန်းကလိုမျိုးပဲ Mid Range Level ဖုန်းတစ်ခုပဲဖြစ်လာဖို့များပါတယ်။

ဒါပေမယ့်လည်း Honor 9X စမတ်ဖုန်းက 10W Fast Charger ပါဝင်လာမှာကိုတော့ အတည်ပြုထားပြီးတော့ ကျန်တဲ့ Specs တွေကိုတော့ အတိအကျမသိရှိရသေးပါဘူး။ ဒါ့အပြင် Honor 9X ဖုန်းမှာ Pro ဆိုပြီး နောက်ထပ် Performance ပိုကောင်းတဲ့ဖုန်းပါ မိတ်ဆက်လာမယ်လို့ သိရပါတယ်။ ဖြစ်နိုင်တာက Huawei Nova 5 မှာ စွမ်းဆောင်ရည်တော်တော်ကောင်းတဲ့ Kirin 810 Processor ကိုအသုံးပြုထားတဲ့အတွက် Honor 9X ဖုန်းမှာလည်း ဒီ Kirin 810 Processor ပါဝင်လာဖို့များနေပါတယ်။

Ref – GSM Arena