Honor ဖုန်းကုမ္ပဏီဟာ အခုနောက်ပိုင်းမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ စမတ်ဖုန်းအသစ်တွေကို ဆက်တိုက်မိတ်ဆက်နေတဲ့အပြင် Foldable ဖုန်းစျေးကွက်ကိုပါ Magic V Series နဲ့ ဝင်ရောက်ထားပြီးဖြစ်ပါတယ်။ နောက်ဆုံးမိတ်ဆက်ထားတဲ့ Honor Magic V2 Foldable ဖုန်းဆိုရင်လည်း အထူက 9.9mm ပဲရှိတဲ့အတွက် Foldable ဖုန်းတွေအားလုံးထဲမှာ အပါးလွှာဆုံးလို့ ပြောနိုင်ပါတယ်။

အခုလည်း Honor ကနေ Magic V2 လိုမျိုး Tablet ကို ခေါက်ချိုးချထားတဲ့ Foldable ဖုန်းအပြင် Flip Foldable ဖုန်းကိုပါ မိတ်ဆက်ဖို့ရှိတယ်ဆိုပြီး တရားဝင်ပြောကြားလိုက်ပါတယ်။ ဒါက Honor Middle East နဲ့ Africa (MEA) President အဖြစ်တာဝန်ယူထားတဲ့ Daniel Wang ကနေ Honor 90 Series ဖုန်းမိတ်ဆက်ပွဲမှာ ပြောကြားခဲ့တာပါ။

ဒါကြောင့် Honor ရဲ့ ပထမဆုံး Flip Foldable ဖုန်းကို လာမယ့် ၂၀၂၄ ခုနှစ်မှာ စတင်မြင်တွေ့ရမှာဖြစ်ပြီး လက်ရှိ Honor Foldable ဖုန်းတွေလိုမျိုးပဲ အလွန်ပါးလွှာတဲ့ ဒီဇိုင်းနဲ့ ထွက်ရှိလာပါတယ်။ ဒါပေမယ့် Honor ဘက်ကနေ အသေးစိတ်ပြောကြားထားခြင်းမရှိတဲ့အတွက် ဘယ်လိုမျိုး Feature တွေပါဝင်လာနိုင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Flip Foldable ဖုန်းတွေဟာ စျေးကွက်အတွင်းမှာ ပုံမှန် Foldable ဖုန်းတွေထက်တောင် ပိုမိုအောင်မြင်နေပြီး နောက်ဆုံးမိတ်ဆက်ထားတဲ့ Galaxy Z Flip5 နဲ့ Motorola Razr 40 Series ဖုန်းတွေဆိုရင် အပြင်ဘက် Cover Display ကိုလည်း ပိုကြီးမားအောင် ထုတ်လုပ်နေကြဖြစ်ပါတယ်။

Ref – Gizmo China