Honor ကနေ ပြီးခဲ့တဲ့မေလတုန်းက Intel ရဲ့ 10th Generation Processor တွေကို အသုံးပြုထားတဲ့ MagicBook Pro 2020 Laptop တွေကို မိတ်ဆက်ခဲ့ပါတယ်။ လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့မှာ AMD Ryzen 4000 Series Processor တွေကို အသုံးပြုလာမယ့် MagicBook Pro Ryzen Edition 2020 Laptop တွေကို မိတ်ဆက်လာဦးမှာပါ။

အခုလည်း Chinese Leakster တစ်ဦးဖြစ်တဲ့ “_rogame” ကနေ အဆိုပါ Honor MagicBook Pro Ryzen Edition 2020 ရဲ့ အဓိက Specification တွေကိုဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ Honor ဟာ MagicBook Pro တွေကို Version ၂ မျိုးနဲ့ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ဒါကတော့ AMD Ryzen 7 4800H ၊ RAM 16GB DDR4 2666MHz ၊ 1TB Samsung NVMe SSD ကိုအသုံးပြုလာမယ့် Version နဲ့ Ryzen 5 4600H ၊ RAM 8GB DDR4 2666MHz ၊ 512GB Samsung NVMe SSD တွေပါဝင်မယ့် Version တွေပဲဖြစ်ပါတယ်။ SSD ထုတ်လုပ်သူအနေနဲ့ကတော့ ပြောင်းလဲနိုင်သလို RAM ကလည်း ထပ်ပြီး Upgrade ပြုလုပ်နိုင်မှာမဟုတ်ဘဲ Motherboard မှာ အသေတပ်ဆင်ထားဖို့များတယ်လို့ သိရပါတယ်။

Processor ပိုင်းအနေနဲ့ကတော့ အဆိုပါ Ryzen Processor ၂ မျိုးစလုံးက လက်ရှိ Intel ရဲ့ 10th Gen i7 Processor တွေနဲ့တောင် ကောင်းကောင်းယှဥ်ပြိုင်နိုင်တဲ့အထိ စွမ်းဆောင်ရည်ကောင်းမွန်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း RAM Speed ကို 2666MHz ပဲ အသုံးပြုထားတာကတော့ တခြားသော 3200MHz RAM တွေအသုံးပြုထားတဲ့ Ryzen Laptop တွေနဲ့ယှဥ်ရင် အနည်းငယ်အားနည်းနေမှာဖြစ်ပါတယ်။

Honor ကနေ လက်ရှိထုတ်ထားတဲ့ Teaser တွေအရတော့ အဆိုပါ MagicBook Pro Ryzen Edition 2020 Laptop တွေဟာ 65W Fast Charging နဲ့ Fingerprint Sensor တွေပါဝင်ဖို့ကတော့ ကျိန်းသေနေပြီဖြစ်တယ်လို့ သိရပါတယ်။

Ref – Gizmo China