တရုတ်မှာ 5.5G နည်းပညာဟာ ခေတ်စားနေပြီး OPPO, Xiaomi နဲ့ vivo ဟာ ပြီးခဲ့တဲ့ တစ်ပတ်မှာပဲ သူတို့ရဲ့ စွမ်းရည်မြင့် ဖုန်းတွေအတွက် အဲဒီ နည်းပညာကို ထည့်သွင်းပေးမယ်လို့ကြေညာထားပါတယ်။ အခုတော့ Honor ကလည်း Magic6 Series အတွက် Software Update ကနေ 5.5G ကို ထည့်သွင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။

HONOR Magic6 Series Officially Unveiled With Snapdragon 8 Gen 3, 180MP Periscope - Lowyat.NET

5.5G ဟာ Marketing Term တစ်ခု ဖြစ်ပြီး Carrier တွေရဲ့ အသုံးအနှုန်း  ဖြစ်ပါတယ်။ 5.5G ကို 5G-Advanced လို့လည်း ခေါ်ကြပြီး နောက်မျိုးဆက် မိုဘိုင်း ဒေတာ နည်းပညာ ဖြစ်ပါတယ်။ 5.5G ဟာ 5G ထက် ပိုမြန်လာပြီး Latency ပိုနည်းလာပါတယ်။

Honor Magic 6 series debut with impressive flagship specs

5.5G ဟာ 5G ကိုပဲ အခြေခံထားတာ ဖြစ်ပြီး သူ့ရဲ့ Spec ကို ဒီနှစ်ထဲမှာ သတ်မှတ်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်း ကုမ္ပဏီတွေနဲ့ Carrier တွေဟာ ဒီနည်းပညာကို အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ ကုမ္ပဏီတွေဟာ သူတို့ရဲ့ စွမ်းရည်မြင့် ဖုန်းတွေမှာ 5.5G ရအောင် ကြိုးစားနေကြပါတယ်။

တရုတ်မှာ 5.5G ရဲ့ Download အမြန်နှုန်းဟာ 10Gbps နဲ့ Upload ဟာ 1Gbps ရတယ်လို့ ကြော်ငြာထားကြပါတယ်။ Latency ဟာ Millisecond-level ပဲ ရှိပါတယ်။ Snapdragon 8 Gen 3 နဲ့ Dimensity 9300 Chipset တွေဟာ 5.5G ကို ထောက်ပံ့ပေးနိုင်ပါတယ်။

Ref : gsmarena